ယာဉ်မောင်းလိုင်စင်၊ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်၊ ယာဉ်မှတ်ပုံတင်စာအုပ်၊ ဟိုလိုဂရမ်၊ ဖောင်းကြွနံပါတ်ပြား၊ အတုပြုလုပ်သူများ ဖမ်းဆီးရမိခြင်း

၁။ ၃၁-၅-၂၀၁၇ ရက်တွင် လားရှိုးမြို့ အမှတ်(၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမှုစစ်အရာရှိ ရဲအုပ် စောဝင်း သည် 5I-1079 ၊ Toyota Wish၊ အပြာရောင် ယာဉ်အား မှတ်တမ်းဝင်ယာဉ် ဟုတ်/ မဟုတ် ယာဉ်နှင့်အတူ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)တွင် လာရောက် စိစစ်ခဲ့ပါသည်။ စိစစ်ချက်အရ မော်တော်ယာဉ်၊ မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်၊ ယာဉ်မှတ်ပုံတင်စာအုပ်၊ ဖောင်းကြွနံပါတ်ပြားများသည် မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ယာဉ်မောင်းဦးအောင်ဖေ (၁၃/လရန(နိုင်) ၁၅၉၁၆၃) အသက်(၂၃)နှစ်၊ အဘအမည်(ဦးဆန်လူ) ရပ်ကွက်(၁၀)၊ နယ်မြေ(၂) လားရှိုးမြို့ နေသူအား ၁၃-၆-၂၀၁၇ ရက်တွင် အမှတ်(၂)မြို့မရဲစခန်း လားရှိုးမြို့မှ ခရိုင်တရားရုံး လားရှိုးမြို့ သို့ အမှုဖွင့် တရားစွဲဆိုတင်ပို့ခဲ့ပါသည်။
၂။ ဦးအောင်ဖေအား စစ်ဆေးရာ မော်တော်ယာဉ် မှတ်ပုံတင်အထောက်အထားအတုကို ကိုခိုင်(ခ) ဦးခိုင်ကိုသန်း မန္တလေးမြို့မှ ပြုလုပ်ပေးကြောင်း သိရှိရသဖြင့် စိစစ်ဖော်ထုတ်ပြီး ၁၅-၆-၂၀၁၇ ရက် တွင် ပါဝါဟိုတယ် လားရှိုးမြို့၌ ဖမ်းဆီးရရှိခဲ့ပါသည်။ ၁၆-၆-၂၀၁၇ ရက်တွင် အတုလုပ်ငန်းများ ဆက်စပ် ဆောင်ရွက်လုပ်ကိုင်သည့် မမော်(ခ) ဒေါ်လဲ့လဲ့မော်၊ အောင်မြေအထပ်သား ရောင်းဝယ်ရေး ဆိုင်၊ (၆၂ X ၆၄) လမ်းကြား၊ ကမ္ဘောဇဘဏ်အရှေ့အား ဖော်ထုတ်စိစစ်မှုအရ စစ်ဆေးခဲ့ရာ အထောက်အထား အတုပြုလုပ်ရာ တွင် အသုံးပြုသည့် အောက်ပါသက်သေခံပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါသည်-
(က) လိုင်စင်အတုပြုလုပ်သော မော်တော်ယာဉ် စာရင်းများ။
(ခ) စက်အမှတ်နှင့် ဘောင်အမှတ် ရေးသားထားသော စာရွက်စာတမ်းများ။
(ဂ) စက္ကူကတ် ယာဉ်မောင်းလိုင်စင်(၆)ခု။
(ဃ) သက်သေခံလက်မှတ်(အဝိုင်း)အတု (၃)ခု။
(င) ခဲခြစ်ရာတွင် အသုံးပြုသည့် စာရွက်များ(ဦးမြင့်ဌေး၊ လက်မှုကျွမ်းကျင်-၅ လက်မှတ်ပါ)။
(စ) ဟိုလိုဂရမ် အတု(၁)ခု။
(ဆ) Vehicle Inspection Sticker တစ်ခု။
(ဇ) အရာရှိ တံဆိပ်တုံးများ။
(ဈ) Samsung Tablet တစ်လုံး။
(ည) I-Phone တစ်လုံး။
၃။ ဆက်လက်၍ မမော် (ခ) ဒေါ်‌လဲ့လဲ့မော် ကိုင်ဆောင်သည့် Tablet ဖုန်း (ဝ၉-၂၀၁၁၂၃၂)အား စစ်ဆေးရာတွင် ကိုဖြိုး(ခ)ဦးဟန်ဖြိုးဝေ၊ မငယ်ငယ် (ခ) ဒေါ်စိမ့်စိမ့်သူ၊ ဖိုးဇော်(ခ) ဇော်ဇော်အောင်၊ ဦးမန်းနှင့် ဇနီး ဒေါ်နိုင်နိုင်မော် တို့နှင့် ယာဉ်မှတ်ပုံတင်အထောက်အထားအတုများ ပြုလုပ်ခြင်းအား ဆောင်ရွက် လ ျှက် ရှိသည်ကို စစ်ဆေး ရရှိခဲ့ပါသည်။
၄။ ၁၆-၆-၂၀၁၇ ရက်တွင် ကိုဖြိုး(ခ)ဦးဟန်ဖြိုးဝေ နေထိုင်သည့် ညောင်ကန် ကျောင်းတိုက် အတွင်းရှိ အလယ်တိုက်ကြီး၊ မန္တလေးမြို့အား ဝင်ရောက်စိစစ်ရှာဖွေရာ ကိုဖြိုး(ခ)ဟန်ဖြိုးဝေမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး 9C-6712 Mark II အဖြူရောင်ယာဉ် တစ်စီးအား သိမ်းဆည်းရရှိပါ သည်။ ဆက်လက်၍ ၄င်းအိပ်ယာ ကုတင်ပေါ်နှင့် သံသေတ္တာ(၃)လုံးအား ဖွင့်ဖောက် စစ်ဆေးရာ အောက်ပါပစ္စည်းများသိမ်းဆည်းရရှိခဲ့ပါသည်-
(က) Dell တံဆိပ်ပါ Laptop အမည်းရောင်တစ်လုံး။
(ခ) ဟိုလိုဂရမ်အတု(၁၀)ခု။
(ဂ) ခဲခြစ်ထားသော စာရွက်များ။
(ဃ) ကားစာရင်းများ၊ နံပါတ်ပြားအတုများ၊ ကားဖြင့် ပေးပို့ထားသော ပြေစာများ။
(င) မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မျက်နှာဖုံး နမူနာ(၃)ရွက်။
(စ) မှတ်ပုံတင်စာအုပ် မျက်နှာဖုံးအုပ်ရာတွင် အသုံးပြုသော ရှားညိုရောင် သားရေစ။
၅။ ၂၃-၆-၂၀၁၇ ရက်တွင် မငယ်ငယ်(ခ)စိမ့်စိမ့်သူအား သမ္မတောရွာ၊ အုန်းချော၊ ပုသိမ်ကြီးမြို့ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
၆။ ၂၉-၆-၂၀၁၇ ရက်တွင် ဦးမန်းနှင့်ဇနီး ဒေါ်နိုင်နိုင်မော် နေထိုင်ရာ သီတာအေးတောင်ပိုင်း ချမ်းမြသာစည်(တောင်) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တွင် ဦးမန်းနှင့် တွဲဖက်၍ ဆောင် ရွက်သူ ဦးမြဦး(ခ)ဇော်လင်းနှင့် ဦးမြင့်သိန်းတို့(၂)ဦးအား ဖမ်းဆီးရခဲ့ပါသည်။ ဦးမန်းနှင့် ဇနီး ဒေါ်နိုင်နိုင်မော်တို့မှာ ယာဉ်အမှတ် 9I-5566 Toyota Belta မီးခိုးရောင်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာ သွားသဖြင့် ၄င်းတို့အား ဖမ်းဆီးရရှိနိုင်ရေး ရန်ကုန်မြို့ရှိ သတင်းတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့နှင့် ဆက်သွယ်ဆောင်ရွက်လ ျှက်ရှိပါသည်။
၇။ ၃၀-၆-၂၀၁၇ရက်တွင် ဖိုးဇော်(ခ)ဇော်ဇော်အောင်ကို (၇၀X၇၁)လမ်းကြား၊၃၅လမ်း၊ ယူနိုက်တက် အမရ ဘဏ်တွင် ငွေသွင်းနေစဉ် ဖမ်းဆီး ရရှိခဲ့ပါသည်။
၈။ ၃-၇-၂၀၁၇ ရက်တွင် နိုင်ငံသား စိစစ်ရေးကတ်အတု၊ မြေစာရင်းဦးစီးဌာန စာရွက်စာတမ်း အတု၊ ပြည်တွင်းအခွန်များဦးစီးဌာန စာရွက်စာတမ်းများ အတုပြုလုပ်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်သည့် ဦးအောင်မြင့်သိန်း၊ ၆၆လမ်း၊ အောင်မင်္ဂလာလမ်းနှင့် စိန်ပန်းလမ်းဒေါင့် ချမ်းမြသာစည်မြို့နေသူအား ထပ်မံ ဖမ်းဆီး ရခဲ့ပါသည်။
၉။ အဆိုပါဖြစ်စဉ်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ တိုင်းဒေသကြီးဦးစီးမှူးရုံး(မန္တလေး)၊ တိုင်းဒေသကြီးဦးစီးမှူးရုံး (မုံရွာ)၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ဖော်ထုတ်ဖမ်းဆီးခဲ့ကြပါသည်။
၁၀။ ၁၀-၇-၂၀၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်း ထားသည့် ကိုခိုင်(ခ)ဦးခိုင်ကိုသန်း၊ ဖိုးဇော်(ခ) ဦးဇော်ဇော်အောင်၊ ဦးအောင်မြင့်သိန်း၊ ဦးမြဇော်ဦး(ခ) ဦးဇော်လင်း၊ ကိုဖြိုး(ခ)ဦးဟန်ဖြိုးဝေ၊ ဦးမြင့်သိန်း၊ မငယ်ငယ်(ခ) ဒေါ်စိမ့်စိမ့်သူ၊ မမော်(ခ)မော်ကြီး(ခ)ဒေါ်လဲ့လဲ့မော်(၇)ဦးအား အမှတ်(၂) မြို့မရဲစခန်း လားရှိုးမြို့မှ လားရှိုးခရိုင်တရားရုံးသို့ ယာဉ်မှတ်ပုံတင်အထောက်အထား အတုပြုလုပ်မှု ဖြင့် တရားစွဲဆို တင်ပို့ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကိုဖြိုး(ခ)ဟန်ဖြိုးဝေ၊ ဦးမန်းနှင့်ဇနီး ဒေါ်နိုင်နိုင်မော်(၃)ဦးအား ဖမ်းဆီးရရှိရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လ ျှက် ရှိပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန