အသိပေးကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Online Booking System Server (rtad.gov.mm) အား အသုံးပြုရာတွင် စွမ်းဆောင်ရည်ပိုမို ကောင်းမွန်စေရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေး တို့အတွက် Maintenance ပြုလုပ်မည်ဖြစ်ပါသဖြင့် ၃၀.၈.၂၀၁၉ ရက်နေ့ ညနေ ၆:၀၀ နာရီ အချိန်မှ ၃၁.၈.၂၀၁၉ ရက်နေ့ နံနက် ၆:၀၀ နာရီအချိန် ထိServer Downtimeပြုလုပ်မည်ဖြစ်ပါ၍အဆိုပါနေ့ရက်နှင့်အချိန်အတွင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် အောက်ပါလုပ်ငန်းများအတွက် Online Booking ရယူနိုင်ခြင်းမရှိပါကြောင်းအသိပေးကြေညာအပ်ပါသည်-
(က) ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင်ရေးဖြေရက်ချိန်းရယူခြင်း
(ခ) ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရန်ရက်ချိန်းရယူခြင်း
(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်သက်တမ်းတိုးရက် ချိန်းရယူခြင်း
(ဃ) ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မှန်/ မမှန်စစ်ဆေးရန် ရက်ချိန်းရယူခြင်း

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန