သုံးဘီးတပ်ယာဉ်များ ကနဦးမှတ်ပုံတင်ခြင်းအတွက် အများဆုံးခွင့်ပြုနိုင်သည့် သတ်မှတ်ချက်များအား အသိပေးခြင်းကိစ္စ

၁။   သုံးဘီးတပ်ယာဉ်များမှာ လက်ရှိတွင် ပြည်ပမှ တင်သွင်းလျက်ရှိသည့်အပြင် ပြည်တွင်း ကုမ္ပဏီများမှလည်း SKD စနစ်ဖြင့် ထုတ်လုပ်လျက်ရှိပါသည်။ သုံးဘီးတပ်ယာဉ်အများစုမှာ မော်တော်ဆိုင်ကယ်ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး စက်မှုပိုင်းဆိုင်ရာ တည်ဆောက်မှု ပုံစံမှာလည်း မော်တော်ဆိုင်ကယ်၏ တည်ဆောက်ပုံနှင့်ဆင်တူပါသည်။
၂။  သုံးဘီးတပ်ယာဉ်များ၏ ယာဉ်တည်ဆောက်မှုပုံစံမှာ မော်တော်ယာဉ်များကဲ့သို့ Safety Standard မပြည့်မီသဖြင့် ယာဉ်တိုက်ခိုက်တိမ်းမှောက်မှု ဖြစ်ပေါ်ပါက လိုက်ပါစီးနင်းသူ ခရီး သည်များအတွက် အန္တရာယ်ဖြစ်နိုင်ခြေအခွင့်အလမ်း ပိုမိုများပြားခြင်း၊ ယာဉ်ပေါ်တွင် ဘေး အန္တရာယ်ရှိသော ကုန်ပစ္စည်းများတင်ဆောင်ပါကလည်း ပတ်ဝန်းကျင်နှင့် အခြားလမ်းအသုံးပြု သူများအပေါ် အန္တရာယ်ဖြစ်စေနိုင်ခြင်း၊ စီးနင်းကြရာတွင်လည်း မော်တော်ဆိုင်ကယ်ကဲ့သို့ ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြခြင်း၊ မော်တော်ယာဉ်ကဲ့သို့ Air Bag ၊ ခါးပတ် စသည့် ဘေး အန္တရာယ်ကင်းရှင်းမှုကိရိယာ(Safety Item) များ မပါရှိခြင်း၊ ရှေ့လေကာမှန်နှင့် ရေသုတ်တံ မပါ ရှိခြင်း၊ စနစ်ကျသော နောက်ကြည့်မှန်မပါရှိခြင်း၊ ယာဉ်မောင်းခန်းနှင့် အတွင်းခန်းအကာအရံများ ပြည့်စုံစွာမပါရှိခြင်း၊ အဝင်/အထွက်တံခါးပေါက်များ စနစ်တကျမပါရှိခြင်း စသည်တို့ကြောင့် ယာဉ်တိုက်ခိုက်မှု ဖြစ်ပွားပါက ထိခိုက်ဒဏ်ရာရရှိမှု အလွန်များပြားစေသည့် ယာဉ်အမျိုးအစား ဖြစ်ပါသည်။
၃။  ထို့ကြောင့် သုံးဘီးတပ်ယာဉ်များ၏ ယာဉ်တည်ဆောက်မှုပိုင်းဆိုင်ရာ Active Safety နှင့် Passive Safety ပိုင်းဆိုင်ရာများ အားနည်းခြင်း၊ မိမိတို့နိုင်ငံ၏ လမ်းနှင့်ယာဉ်ကြောအခြေ အနေများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ခြင်း၊ လမ်းအသုံးပြုသူများ၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ မြန်နှုန်းမြှင့်မောင်းနှင်မှုများအား ထိန်းချုပ်ရန်လိုအပ်ခြင်းစသည်တို့ကြောင့် Road Safety ကိုရှေ့ရှု၍ ယင်းတို့၏ အတိုင်းအတာ၊ အရွယ်အစား၊ Engine Power နှင့် တင်အား အမျိုးမျိုး ထုတ်လုပ်တင်သွင်းလျက်ရှိနေခြင်းများကို ကန့်သတ်မှုပြုလုပ်ရန် လိုအပ်လာပါသည်။
၄။   သို့ဖြစ်ပါ၍ ၂၆.၈.၂၀၁၉ ရက်နေ့နောက်ပိုင်း တင်သွင်းခွင့်ပါမစ်ဖြင့် ပြည်ပမှ တင်သွင်း ရောက်ရှိလာသည့် သုံးဘီးတပ်ယာဉ်များနှင့် ပြည်တွင်းကုမ္ပဏီများမှ SKD စနစ်ဖြင့် ထုတ်လုပ် သည့် သုံးဘီးတပ်ယာဉ်များ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဖော် ပြပါအများဆုံးသတ်မှတ်ချက်များဖြင့် ခွင့်ပြု၍ မှတ်ပုံတင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
(က)   စက်စွမ်းအား(Max)
(၁) Engine Power (Max) – 450cc
(၂) Diesel Engine ဖြစ်ပါက (1 Cylinder)
(ခ) အတိုင်းအတာ
(၁) ယာဉ်အလျား (Max) – 4250 mm (13.9ft)
(၂) ယာဉ်အနံ (Max) – 1500 mm (4.9ft)
(၃) အမြင့် (Max) – 2000 mm (6.5ft)
(ဂ) တင်အား (Max)
(၁) သုံးဘီးမော်တော်ဆိုင်ကယ် – 500 kg
(၂) လူစီးသုံးဘီးမော်တော်ယာဉ် – 5P (ယာဉ်မောင်းသူအပါအဝင်)
(ဃ) ဝင်ရိုးအရေအတွက်(Max) – (2) Axle
(c) Axle Capacity (Max) – 1000 kg
(စ) Tyre Size (Max) 5.00 -12
(ဆ) သုံးဘီးတပ်ယာဉ်အမျိုးအစားများအားလုံးတွင် Type D ရောင်ပြန်ပြား အမျိုးအစားကို တပ်ဆင်ရပါမည်။
(ဇ) လျှပ်စစ်စွမ်းအင်သုံး သုံးဘီးတပ်ယာဉ်များ မှတ်ပုံတင်ရာတွင် မူလလျှပ်စစ်စွမ်းအင်သုံးစနစ် ပျက်စီးသွားပါက တူညီသည့် Motor Power, Battery Power နှင့် Battery အရေအတွက်များအတိုင်းသာ ပြောင်းလဲတပ်ဆင်ခွင့်ပြုမည်ဖြစ်သဖြင့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များ၏ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(အဝိုင်း)နှင့် ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)၏ အတွင်းစာမျက်နှာတို့တွင် “အခြားလောင်စာ ဆီသုံးအင်ဂျင်တစ်မျိုးမျိုးသို့ ပြောင်းလဲတပ်ဆင်ထားခြင်းကို လုံးဝခွင့်မပြု။” ဟူသော စာသားကို အနီရောင်ကန့်လန့်ဖြတ်တံဆိပ်တုံးရိုက်နှိပ်၍ မှတ်ပုံတင်ဆောင် ရွက်ပေးပါမည်။

ဒေါင်းလုတ်ရယူရန်