၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း အောက်ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါ၍ ကြိုတင်သိရှိ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း အောက်ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါ၍ ကြိုတင်သိရှိ
ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

စဉ် တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်
၁။ နေပြည်တော် လယ်ဝေး
၂။ ကချင်ပြည်နယ် ပူတာအို၊ မိုးကောင်း
၃။ ကယားပြည်နယ် မယ်စဲ၊ ဖားဆောင်း၊ ဘောလခဲ
၄။ ကရင်ပြည်နယ် ကော့ဘိန်း၊ ကော့ပေါက်
၅။ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ၊ ကန့်ဘလူ၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း
၆။ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း
၇။ ပဲခူးတိုင်းဒေသကြီး သဲကုန်း၊ မိုးညို
၈။ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး၊ မြိုင်၊ ပေါက်၊ ငဖဲ၊ အောင်လံ
၉။ မန္တလေးတိုင်းဒေသကြီး စဉ့်ကူး၊ မလှိုင်
၁၀။ မွန်ပြည်နယ် ရေး၊ ကျိုက်ထို
၁၁။ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ
၁၂။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ ခရမ်း
၁၃။ ရှမ်းပြည်နယ် တဖယ်ခုံ၊ မိုင်းခတ်၊ မိုင်းယန်း
၁၄။ ဧရာဝတီတိုင်းဒေသကြီး ရေကြည်၊ ပန်းတနော်၊ လေးမျက်နှာ၊ ကျိုက်လတ်