(၁.၁၀.၂၀၁၇) ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူမှု စတင်ဆောင်ရွက်နိုင်မည်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်း လိုင်စင်ဖြေဆိုလိုသူများ များပြား၍ လိုင်စင်ဖြေဆိုမည့်သူများအနေနှင့် အချိန်ကြာမြင့်စွာ စောင့် ဆိုင်းရ သဖြင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ စိတ်ပင်ပန်းခြင်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်၊ အဆိုပါ အခက်အခဲများ လျော့နည်းသွားရန် လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော လိုင်စင် ဖြေဆိုမည့်နေ့ရက်အား ကြိုတင်စာရင်းသွင်းမှတ်သားသည့် စနစ်(Online Booking System) ကို (၁.၁၀.၂၀၁၇) ရက် မှစတင်၍ ပြောင်းလဲကျင့်သုံးသွားပါမည်။

ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုရန် အွန်လိုင်းတွင်ရက်ချိန်းရယူမည့်သူများအတွက် လက်စွဲစာအုပ်ရယူရန်