မော်တော်ယာဉ်မှတ်ပုံတင်မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ဆေးခြင်း အသိပေးကြေညာချက်

 

အသိပေးကြေညာချက်

၁။        ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်း ဆောင်ရွက်သူပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးမည့် ယာဉ်များ ယာဉ်စစ် ရက်ချိန်းရယူခြင်းအား www.rtad.gov.mm Website တွင် ကြိုတင်စာရင်း သွင်းသည့်စနစ် (Online Booking System)ကို (၂.၁.၂၀၁၈)ရက်နေ့မှ စတင် ပြောင်းလဲကျင့်သုံး ခဲ့ပြီးဖြစ်ပါသည်။

၂။         ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် နေ့စဉ် ယာဉ်မှန်/မမှန် စစ်ဆေး ဆောင်ရွက်ပေးသည့် ယာဉ်စီးရေ များပြားလျက်ရှိသဖြင့် လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှု မရှိ စေရေးအတွက် ယာဉ်စစ်ရက်ချိန်းရယူခြင်းအား www.rtad.gov.mm Website တွင် ကြိုတင် စာရင်းသွင်းသည့်စနစ် (Online Booking System)ကို ၂၀.၈.၂၀၁၈ ရက်  (တနင်္လာနေ့)မှ စတင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။        မော်တော်ယာဉ်မှတ်ပုံတင်မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ဆေးခြင်းကို နေ့စဉ် ရုံးဖွင့်ရက်များ အတွင်း နှစ်လဲသက်တမ်းတိုး ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးချိန် နေ့လည်(၂)နာရီ နောက်ပိုင်း၊ လစဉ် လဆန်း(၁)ရက်မှ (၂၅)ရက်အတွင်း  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Online Booking ကို အနည်းဆုံး(၂)ရက်မှ အများဆုံး (၃၀)ရက်အထိ ကြိုတင်ရယူနိုင်မည် ဖြစ်ပါသည်။ ရုံးဖွင့်ရက် တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါမော်တော်ယာဉ်စီးရေများအတိုင်း လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်-

စဉ် ရုံးအမည် ယာဉ်စစ်ဆေးပေးမည့်

စီးရေ

(က) တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး) ၂၅
( ခ) ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) ၃၅
( ဂ) ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) ၅၀
(ဃ) ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) ၂၅
( င) ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း) ၃၀

၄။        Online အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mm www.myanmarrtad.com www.rtad.gov.mm Website များနှင့် Road Transport  Facebook Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ မရှင်းလင်းသည်များရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

 

  • ရုံးချုပ်(နေပြည်တော်)          –          ၀၆၇-၃၄၀၅၀၉၉
  • တိုင်းဒေသကြီးရုံး(ရန်ကုန်)                     –          ၀၁-၅၇၀၉၆၇
  • တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)    –       ၀၁-၂၅၈၅၀၈၂
  • ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)                     –          ၀၁-၅၉၀၁၀၇
  • ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) –          ၀၁-၅၇၃၁၀၉
  • ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)          –          ၀၅၆-၂၁၀၈၀
  • ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)          –          ၀၁-၃၆၄၄၄၁၀

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန