မှတ်ပုံတင်ထားသောမော်တော်ယာဉ်များ၏ လက်ရှိပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ တိကျမှန်ကန်စွာ မှတ်တမ်းတင်နိုင်ရန် အသိပေးကြေညာခြင်း

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသော မော်တော်ယာဉ်များ၏ ပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ တိကျမှန်ကန်ရေးသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နှင့် စည်းကမ်းဥပဒေနှင့်ညီညွတ်သည့် မော်တော်ယာဉ်များဖြစ်စေရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် Radio Frequency Identification(RFID) စနစ်နှင့်ချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းတို့ အတွက်များစွာ အရေးပါပါသည်။

၂။ မော်တော်ယာဉ်(၁)စီးအတွက် ယခင်ကောက်ခံခဲ့သည့် ပြည်တွင်းအခွန်များဦးစီးဌာန၏အခွန် နှုန်းသည် အနိမ့်ဆုံး ၁၅ % မှ အမြင့်ဆုံး ၃၀ % အထိဖြစ်ပါသည်။ ယခု ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေပုဒ်မ- ၂၅ အရ ယာဉ်ပိုင်ရှင်တိုင်း အခွန်ပေးဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်ရာ အခွန်သက်သာခွင့် ကန့်သတ်ကာလအတွင်း ယာဉ်ပိုင်ရှင်တိုင်း ယာဉ်လက်ဝယ် ရှိသူအမည်၊ နေရပ်လိပ်စာမှန်ကန်စွာ ပြောင်းလဲမှတ်တမ်းတင်နိုင်ရန် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

၃။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ (ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ယာဉ်မှန်/ မမှန်စစ်ဆေးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်/ ဆေး/… ပြောင်း လဲခြင်း၊ မှတ်ပုံတင်အထောက်အထားပျောက်ဆုံးခြင်း စသည်ဖြင့်) ဆောင်ရွက်ပါက အမည်ပေါက် ယာဉ်ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) အမည်ပေါက်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမူရင်းများဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိပါက ယာဉ် လက်ဝယ်ရှိသူ၏အမည်သို့ပြောင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေမည် ဖြစ်ပါသည်။ ။

၄။ နောင်နှစ်များတွင်လည်း မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာ၌ ယာဉ်အမည်ပေါက်ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် မိမိပိုင်ယာဉ် မိမိအမည်ပေါက်မှန်ကန် စေရေးအတွက် အခွန်သက်သာခွင့်ကန့်သတ်ကာလအတွင်း ယာဉ်ပိုင်ရှင်များအားလုံး အလေးထား ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

ဒေါင်းလုတ်ရယူရန်

istanbul escortistanbul escortistanbul escortistanbul escortistanbul escortistanbul escort
dubai escortsdubai escortsdubai escortsdubai escorts
istanbul escortistanbul escortistanbul escortistanbul escortistanbul escortistanbul escort
dubai escortsdubai escortsdubai escortsdubai escorts
istanbul escortistanbul escortistanbul escortistanbul escortistanbul escortistanbul escort