အသိပေးကြေညာချက်

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် လုပ်ငန်းဆောင်ရွက်မည့် ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်မည့် ယာဉ်များ ယာဉ်စစ်ရက်ချိန်း ရယူခြင်းအား www.rtad.gov.mm Website တွင် ကြိုတင်စာရင်း သွင်းသည့်စနစ် (Online Booking System)ကို ရန်ကုန်တိုင်းဒေသကြီးတွင်(၂.၁.၂၀၁၈)ရက်နေ့မှလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးတွင် (၁.၁၀.၂၀၁၈)ရက်နေ့မှလည်းကောင်း စတင်ပြောင်းလဲကျင့်သုံးခဲ့ပြီး ဖြစ်ပါ သည်။
၂။ သို့သော် အချို့သောယာဉ်ပိုင်ရှင်များအနေဖြင့် နှစ်လဲသက်တမ်းတိုးယာဉ်စစ်ရက်ချိန်း Online Booking ရယူ၍ ဆောင်ရွက်ရမည်ကို မသိရှိကြသေးသောကြောင့် Online Booking ယာဉ်စစ် ရက်ချိန်းရယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
၃။ မော်တော်ယာဉ် နှစ်လဲသက်တမ်းတိုးယာဉ်စစ်ဆေးခြင်းကို နေ့စဉ် ရုံးဖွင့်ရက် တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါ မော်တော်ယာဉ်စီးရေများအတိုင်း လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါ သည်-


ဒေါင်းလုတ်ရယူရန်