ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

  • ၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနတွင် အောက်ပါပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
    • (က) Chip ပါသော Smart Card
    • (ခ) Colour Ribbon (YMCK-UV)
    • (ဂ) ART Retransfer Film
    • (ဃ) ယာဉ်ဓါတ်ပုံပါယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(CVR)
    • (င) ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား(VIS)
    • ( စ) “သ”အမောင်းသင်(Hologram)
    • (ဆ) “က-၁၊ က၊ ဌ၊ ဟ၊ စ”လိုင်စင်များ တွင်ကပ်သည့် ကဒ(Hologram)
    • (ဇ) မော်တော်ဆိုင်ကယ်(အဝိုင်း)တွင် ကပ်သည့်(Hologram)
    • (ဈ) မော်တော်ဆိုင်ကယ်(ကမ-၃) စာအုပ်တွင်ကပ်သည့်(Hologram)
    • (ည) မော်တော်ယာဉ်(အဝိုင်း)တွင် ကပ်သည့်(Hologram)
  • ၂။ တင်ဒါခေါ်ယူသည့်အကြောင်းအရာနှင့် စံချိန်စံညွှန်းအရည်အသွေး သတ်မှတ်ချက်များ၊ တင်ဒါတင်သွင်းသူ၏ အရည်အချင်းဆိုင်ရာလိုအပ်ချက်များ၊ တင်ဒါစာရွက်စာတမ်းများအတွက် ကျသင့်သည့်ဈေးနှုန်း၊ တင်ဒါတင်သွင်းရမည့်နည်းလမ်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)နေပြည်တော် တွင် ရုံးချိန်အတွင်းရယူနိုင်ပြီး အသေးစိတ်အချက်အလက်များကိုလည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
    • (က) တင်ဒါပုံစံရောင်းချမည့်ရက် – ၁.၄.၂၀၂၀ရက် မှ ၃၀.၄.၂၀၂၀ရက်အထိ
    • ( ခ) တင်ဒါတင်သွင်းရမည့်ရက် – ၁.၄.၂၀၂၀ ရက် မှ ၃၀.၄.၂၀၂၀ ရက် (၁၄:၀၀)နာရီအထိ(ရုံးချိန်အတွင်း)
    • (ဂ) တင်ဒါပိတ်မည့်ရက် – ၃၀.၄.၂၀၂၀ရက် နေ့လည်(၁၄:၀၀)နာရီ
    • (ဃ) တင်ဒါဖွင့်လှစ်မည့်ရက် – ၁၁.၅.၂၀၂၀ ရက်(တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီ
    • (င) တင်ဒါဖွင့်လှစ်မည့်နေရာ – ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၊နေပြည်တော်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ (ဖုန်း)ဝ၆၇-၄၀၅၃၆၂၊ ၀၆၇-၄၀၅၁၈၃၊ ၀၆၇-၄၀၅၀၉၉
ဒေါင်းလုတ်လုပ်ရန်