ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်ခြင်းအတွက် Online Booking စနစ်ကျင့်သုံးရန် အသိပေးကြေညာချက်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်ခြင်းအတွက် Online Booking စနစ်ကျင့်သုံးရန် အသိပေးကြေညာချက်

၁။       ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်စီးရေများပြားလာသည့်အတွက် လုပ်ငန်းဆောင်ရွက်သည့် ပြည်သူများ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ရုံးတွင်းယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခြင်းများ လျော့နည်းသက်သာစေ ရန်နှင့် ပြည်သူများအဆင်ပြေစေရန် နှစ်လဲသက်တမ်းတိုးယာဉ်စစ်ရက်ချိန်းအား ကြိုတင်စာရင်းသွင်း သည့်စနစ် (Online booking System) ကို ၈.၆.၂၀၂၀ ရက် (တနင်္လာနေ့)မှ စတင်၍ ပြောင်းလဲကျင့် သုံးသွားမည် ဖြစ်ပါသည်။

၂။       ယာဉ်ပိုင်ရှင်များသည် မိမိယာဉ် စစ်ဆေးလိုသည့်ရက်များကို ၅.၆.၂၀၂၀ ရက် (သောကြာနေ့) မှ စတင်၍ www.rtad.gov.mm Website တွင် Online booking ကို အနည်းဆုံး(၁)ရက်မှ အများဆုံး (၃၀)ရက်အထိ ကြိုတင်ရယူနိုင်ပါသည်။

၃။       Online  Booking System အား နှစ်လဲသက်တမ်းတိုး မော်တော်ယာဉ်များအတွက်သာ စတင် ဆောင်ရွက်မည်ဖြစ်ပြီး နယ်ဝင်ယာဉ်များ၊ ပြောင်းလဲခြင်း( ဥပမာ-စက်ပြောင်း၊ ဆေးရောင်ပြောင်း၊ အမည်ပြောင်း၊ …. စသည်ဖြင့်) စစ်ဆေးခံမည့် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် Online  Booking ရယူရန်မလိုဘဲ ယခင်အတိုင်းသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၄။       ရုံးဖွင့်ရက်တစ်ရက်လျင်နံနက်ပိုင်း နာရီ မှ ၁၂ နာရီအထိ နှင့် နေ့လယ်ပိုင်း နာရီ မှ ၃:၃၀နာရီ အထိ နှစ်ကြိမ်ခွဲ၍ အောက်ပါစီးရေအတိုင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည် –

ရုံးအမည် လုပ်ငန်းနေရာ နံနက်ပိုင်း

(စီးရေ)

နေ့လယ်ပိုင်း

(စီးရေ)

စုစုပေါင်း

(စီးရေ)

တိုင်းဒေသကြီးဉီးစီးမှူးရုံး(ပဲခူး) ပိုင်ရှင်ကိုယ်တိုင် ၉၀ ၅၀ ၁၄၀
ကိုယ်စားလှယ် ၆၀ ၅၀ ၁၁၀

၅။         Online Booking အသုံးပြုရန် အသေးစိတ်အချက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် Ministry of Transport and Communications, Myanmar Facebook Page  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မရှင်းလင်းသည်များ ရှိပါကအောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

နေပြည်တော်

  • ရုံးချုပ်(နေပြည်တော်) –        ၀၆၇-၃၄၀၅၀၉၉

ပဲခူးတိုင်းဒေသကြီး

  • တိုင်းဒေသကြီးဦးစီးမှူးရုံး(ပဲခူး) –        ၀၅၂-၂၂၃၀၀၄၆

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

istanbul escortistanbul escortistanbul escortistanbul escortistanbul escortistanbul escort
dubai escortsdubai escortsdubai escortsdubai escorts