ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / ယာဉ်မောင်းလိုင်စင်အသစ်ရယူရန်လိုအပ်ချက်များ
ယာဉ်မောင်းလိုင်စင်အသစ်ရယူရန်လိုအပ်ချက်များ
  • "သ" ယာဉ်မောင်းလိုင်စင် လျှောက်ထားသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ ၎င်း အား ယာဉ်မောင်းသင်ကြားပေးနိုင်သူရှိရမည်။
  • "က" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရ မည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "သ" ယာဉ်မောင်းလိုင်စင် သက်တမ်း အနည်းဆုံး တစ်လပြည့်ပြီးသည့် သက်တမ်းရှိလိုင်စင် ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ သို့မဟုတ် မှတ်ပုံ တင်ထားသော မော်တော်ယာဉ်မောင်းသင်တန်းကျောင်းတစ်ခုခုမှ ထုတ်ပေးသည့် သင်တန်း ဆင်းလက်မှတ် တင်ပြနိုင်သူဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင် ရမည်။
  • "ခ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရ မည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "သ" ယာဉ်မောင်းလိုင်စင် သို့မဟုတ် "က" ယာဉ်မောင်းလိုင်စင် သို့မဟုတ် "ဂ" ယာဉ်မောင်းလိုင်စင် သို့မဟုတ် "ဌ" ယာဉ်မောင်း လိုင်စင် သို့မဟုတ် "ဟ" ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိ လိုင်စင်ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင် တန်းတက်ရောက်ပြီးသူ သို့မဟုတ် မှတ်ပုံတင်ထားသော မော်တော်ယာဉ် မောင်းသင်တန်းကျောင်းတစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • "ဂ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရ မည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "သ" ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိလိုင်စင် ရှိရမည်။ စက်ယန္တရား မောင်းနှင်ခြင်း အတွက် သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးကြောင်း သင်တန်းဆင်းလက်မှတ် တင်ပြရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • "ဃ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၂၁ နှစ်ပြည့်ပြီးသည့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့် မရှိစေရ။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "ခ" ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးနှစ်ပြည့်ပြီးသည့် သက်တမ်းရှိလိုင်စင် ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ သို့မဟုတ် မှတ်ပုံတင်ထားသော မော်တော်ယာဉ်မောင်း သင်တန်းကျောင်းတစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • "င" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၂၃ နှစ် ပြည့်ပြီးသည့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်းမရှိသည့် အခြားအထောက်အထားများ ဖြင့် လျှောက်ထားခွင့် မရှိစေရ။ "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း ငါးနှစ် ပြည့်ပြီးသူ သို့မဟုတ် "ဃ" ယာဉ်မောင်းလိုင်စင် သက်တမ်း နှစ်နှစ် ပြည့်ပြီးသူ သို့မဟုတ် "ခ" ယာဉ်မောင်းလိုင်စင်နှင့် "ဃ" ယာဉ်မောင်းလိုင်စင်တို့၏ စုစုပေါင်း သက်တမ်း ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ တင်ပြ “ခ” ယာဉ်မောင်းလိုင်စင် သို့မဟုတ် “ဃ” ယာဉ်မောင်းလိုင်စင်သည် သက်တမ်း ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းတက်ရောက်ပြီးသူ သို့မဟုတ် မှတ်ပုံတင်ထားသော မော်တော်ယာဉ်ကြီးမောင်းသင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်း လက်မှတ် တင်ပြနိုင်သူဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • ယာဉ်အကူလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့်မရှိစေရ။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • "ဟ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့်မရှိစေရ။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် “သ” ယာဉ်မောင်းလိုင်စင် သို့မဟုတ် “က” ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိ လိုင်စင် ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ သို့မဟုတ် မှတ်ပုံတင်ထားသော မော်တော်ယာဉ်မောင်းသင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • "ဌ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့် မရှိစေရ။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် “သ” ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးလ ပြည့်ပြီးသည့် သက်တမ်းရှိ လိုင်စင်ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ သို့မဟုတ် မှတ်ပုံတင်ထားသော မော်တော်ယာဉ် မောင်းသင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။
  • သက်တမ်းရှိ တပ်မတော်ယာဉ်မောင်းလိုင်စင် ရရှိထားသူသည် သက်တမ်းအလျောက်အောက် ပါ ယာဉ်မောင်းလိုင်စင် အမျိုးအစားတို့ကို လျှောက်ထားနိုင်ပါသည်-
    • တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံးတစ်နှစ်ရှိသူသည် "ခ" ယာဉ်မောင်း လိုင်စင်၊
    • တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံးသုံးနှစ်ရှိ၍ စစ်မှုထမ်းခြင်းမှ နုတ်ထွက်ပြီးသူသည် "ဃ" ယာဉ်မောင်းလိုင်စင်၊
    • တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံးငါးနှစ်ရှိ၍ စစ်မှုထမ်းခြင်းမှ နုတ်ထွက်ပြီးသူသည် "င" ယာဉ်မောင်းလိုင်စင်။
  • ၁၉၉၇ ခုနှစ်တွင် အာဆီယံနိုင်ငံများအကြား လက်မှတ်ရေးထိုးခဲ့သည့် “အာဆီယံနိုင်ငံများမှ ထုတ်ပေးသည့် ပြည်တွင်းယာဉ်မောင်းလိုင်စင်များအား အပြန်အလှန် အသိအမှတ်ပြုရေး သဘောတူစာချုပ် (Agreement on the mutual recognition of Domestic Driving Licences issued by Asean Countries)” အရအာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ သွားရောက် မည့်ပုဂ္ဂိုလ်များသည်ပြည်တွင်းမှထုတ်ပေးသည့် QR Code ဖတ်ရှုနိုင်သည့် Smart Code ယာဉ်မောင်းလိုင်စင်များ ကိုင်ဆောင်၍မောင်းနှင်နိုင်ပါသည်။
  • အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ် International Driving Permit (IDP) ရယူရန်လိုအပ်ချက်များ-
    • သက်တမ်းရှိပြည်တွင်းယာဉ်မောင်းလိုင်စင်မူရင်းနှင့်မိတ္တူ၊
    • သက်တမ်းရှိနိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ၊ (လျှောက်ထားသူသည် နိုင်ငံခြားသို့ ရောက်ရှိနေပါက နိုင်ငံကူးလက်မှတ်မိတ္တူဖြင့် လျှောက်ထားနိုင်ပါသည်။)
    • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
    • လျှောက်ထားသူ၏ Passport အရွယ်ဓါတ်ပုံ(၃)ပုံ၊
    • အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ်အတွက်ကျသင့်ငွေ၊မြန်မာကျပ်ငွေ (၁၅၀၀၀ဝိ/-)။
  • နိုင်ငံခြားယာဉ်မောင်းလိုင်စင်မှမြန်မာနိုင်ငံယာဉ်မောင်းလိုင်စင်သို့ကူးပြောင်းလိုလျှင်လိုအပ် ချက်များ-
    • သက်တမ်းရှိနိုင်ငံခြားယာဉ်မောင်းလိုင်စင်မူရင်းနှင့်မိတ္တူ၊
    • His/Her Driving License (original and copy)
    • သက်တမ်းရှိနိုင်ငံကူးလတ်မှတ်နှင့်ဗီဇာမူရင်းနှင့်မိတ္တူ၊
    • Passport/Visa (original and copy)
    • လျှောက်ထားသူ၏ Passport အရွယ် ဓါတ်ပုံ(၃)ပုံ၊
    • (3) photos
    • နိုင်ငံခြားသား၏သက်ဆိုင်ရာနိုင်ငံမှထုတ်ပေးထားသည့်ယာဉ်မောင်းလိုင်စင်မှန်ကန် ကြောင်းထောက်ခံချက်၊
    • သက်တမ်း(၅)နှစ်အတွက်လိုင်စင်ခမြန်မာကျပ်ငွေ (၁၅၀၀၀ဝိ/-) ကျပ်၊ စစ်ဆေးခ တစ်ကြိမ်လျှင် (၁၅၀၀ဝိ/-)ကျပ်၊
    • နိုင်ငံခြားသား၏လိုင်စင်တွင်ဖော်ပြချက်များအင်္ဂလိပ်ဘာသာမဟုတ်ပါကအင်္ဂလိပ်ဘာသာ/မြန်မာဘာသာပြန်ဆိုချက်၊တာဝန်ရှိသူ၏ထောက်ခံချက်ပါရှိရမည်၊
    • အမြင်အာရုံစစ်ဆေးခြင်း၊ကိုယ်လက်အင်္ဂါသန်စွမ်းမှုစစ်ဆေးခြင်း၊
    • စာတွေ့စစ်ဆေးခြင်း(စိတ်အခြေအနေ/ အရက်သောက်တတ် မှုစစ်ဆေးခြင်း၊ ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းရေးဖြေစစ်ဆေးခြင်း)၊
    • လက်တွေ့စစ်ဆေးခြင်း (ဝန်ပေါ့မော်တော်ယာဉ်ဖြင့် ပတ်မောင်းနှင့်ဆိုက်ကပ် စစ်ဆေး ခြင်း)၊
    • စစ်ဆေးမှုများအောင်မြင်ပြီးပါက သူတစ်ပါးထိခိုက်မှု အာမခံကြေးပေးဆောင်ပြီး ကြောင်း အထောက်အထား။
  • နိုင်ငံခြားသံတမန်များ၊ UN အဖွဲ့အစည်းဝန်ထမ်းများနှင့် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ် (IDP) ကိုင်ဆောင်သူများကိုစာတွေ့၊ လက်တွေ့စစ် ဆေးခြင်း ကင်းလွတ်ခွင့်ပြုသည်။
  • သံရုံးများမှသံတမန်များနှင့်သံတမန်အခွင့်အရေးရသူများအတွက်မြန်မာနိုင်ငံယာဉ်မောင်း လိုင်စင်လျှောက်ထားလိုလျှင်လိုအပ်ချက်များ-
    • သက်ဆိုင်ရာသံရုံးမှလျှောက်လွှာ။
    • နိုင်ငံခြားရေးဝန်ကြီးဌာန(သို့မဟုတ်)သံတမန်ရေးရာဦးစီးဌာနမှထောက်ခံချက်။
    • သံတမန်Passport မိတ္တူ။
    • သံတမန်စိစစ်ရေးကတ်မိတ္တူ။
    • သက်ဆိုင်ရာနိုင်ငံမှလိုင်စင်မိတ္တူ။
    • ဓါတ်ပုံ(၂)ပုံ။
  • ယာဉ်မောင်းသင်တန်းကျောင်းမှတ်ပုံတင်ကြေးမှာ ၅၀၀၀၀ဝိ/ ဖြစ်ပါသည်။ မော်တော် ယာဉ်မောင်းသင်တန်းကျောင်းလုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်းကာလသည် ပြက္ခဒိန်နှစ် တစ်နှစ်ကာလအတွက်ဖြစ်ပြီး နှစ်စဉ်ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်၍ အဆိုပါ သက်တမ်းမကုန်ဆုံးမီရက်ပေါင်း(၆၀)အတွင်း သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။ သတ်မှတ်သည့် သက်တမ်းကာလကျော်လွန်၍ လာရောက် သက်တမ်းတိုးဆောင်ရွက်ပါ ကအချိန်လွန်ဒဏ်ကြေးတစ်လအတွင်းအတွက် ဒဏ်ကြေးငွေ ကျပ် ၅၀၀၀ဝိ/- ကောက်ခံမည်ဖြစ်ပြီး သတ်မှတ်သက်တမ်းကျော်လွန်သည့် လအပေါ် မူတည်၍ ဒဏ်ကြေးငွေတွက်ချက်ကောက်ခံမည်ဖြစ်ပါသည်။ (ဥပမာအချိန်လွန်ဒဏ်ကြေး နှစ်လအတွင်းဖြစ်ပါက ဒဏ်ကြေးကျပ် ၁၀၀၀၀ဝိ/-၊ သုံးလအတွင်းဖြစ်ပါက ကျပ်၁၅၀၀၀ဝိ/-ဖြစ်ပါသည်။)
Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်