ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / အင်္ဂလိပ်အက္ခရာဖေါင်းကြွနံပါတ်ပြားတပ်ဆင်ခြင်း
အင်္ဂလိပ်အက္ခရာဖေါင်းကြွနံပါတ်ပြားတပ်ဆင်ခြင်း

မော်တော်ယာဉ်နံပါတ်ပြားအား ဆေးဖြင့်သာရေးသားခဲ့ပြီး ၁၉၉၉ ခုနှစ်မှစတင်၍ မြန်မာ အက္ခရာဖောင်းကြွနံပါတ်ပြားများအဖြစ် ပြောင်းလဲတပ်ဆင်ခဲ့ပါသည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ ကျင်းပစဉ်ကာလအတွင်း ပို့ဆောင်ရေးကဏ္ဍကို အထောက် အကူပြုနိုင်စေရန်အတွက် မော်တော်ယာဉ်များ၏ ဖောင်းကြွနံပါတ်ပြားများတွင် မြန်မာအက္ခရာ ဂဏန်းများအစား အင်္ဂလိပ်အက္ခရာဂဏန်းများသို့ ပြောင်းလဲခြင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လမှစတင်၍ ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် နောက်တွဲယာဉ်များနှင့် စက်ယန္တရား များမှအပ မော်တော်ယာဉ်အမျိုးအစားအားလုံးတွင် လုံခြုံရေးဆိုင်ရာအချက်အလက် (Security Features) များ ထပ်မံထည့်သွင်းထားသည့် အင်္ဂလိပ်အက္ခရာဖောင်းကြွနံပါတ်ပြား များကို ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာလည်း နောက်တွဲယာဉ်များကို အဆိုပါ အင်္ဂလိပ်အက္ခရာဖောင်းကြွနံပါတ်ပြားများအဖြစ် စတင်ပြောင်းလဲခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြားများကို အခြားတရားမဝင်ယာဉ်များတွင် တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင် ရန်၊ မော်တော်ယာဉ်တွင် တပ်ဆင်ထားသော ယာဉ်နံပါတ်နှင့် မော်တော်ယာဉ်တို့ ကိုက်ညီ မှန်ကန်မှုရှိစေရန်အတွက် မော်တော်ယာဉ်တည်ရှိသည့် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက် နှင့် မော်တော်ယာဉ် အမျိုးအမည်ဖော်ပြချက်တို့ပါရှိတဲ့ အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စတင်ပြောင်းလဲ တပ်ဆင်ဆောင်ရွက် ခဲ့ပါသည်။

ဖေါင်းကြွနံပါတ်ပြားအမျိုးအစားများ

မော်တော်ယာဉ်နံပါတ်ပြား၏အရောင်များအားယာဉ်များကိုအသုံးပြုသည့်လုပ်ငန်းအမျိုးအစားနှင့် အဖွဲ့အစည်းပေါ်မူတည်၍ ခွဲခြားသတ်မှတ်ပေးထားပါသည်။

စဉ် ယာဉ်အမျိုးအစား အောက်ခံအရောင် စာလုံးအရောင်
(က) သံရုံး/အဖွဲ့အစည်းပိုင်ယာဉ် အဖြူ အနက်
(ခ) သာသနာပိုင်ယာဉ် အဝါ အနက်
(ဂ) ခရီးသွားလုပ်ငန်းယာဉ် အပြာ အဖြူ
(ဃ) ကိုယ်ပိုင်ယာဉ်/ဆိုင်ကယ်/ယန္တရား အနက် အဖြူ
(င) အငှါးယာဉ်/နောက်တွဲယာဉ် အနီ အဖြူ
(စ) လှူဒါန်းယာဉ် အစိမ်း အဖြူ
(ဆ) နိဗ္ဗာန်ယာဉ် နီညို အဖြူ
Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်