ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / ယာဉ်ပိုင်ရှင်များ လိုက်နာရန်အချက်များ
ယာဉ်ပိုင်ရှင်များ လိုက်နာရန်အချက်များ

(က) မှတ်ပုံတင်ရန် သတ်မှတ်ထားသော မော်တော်ယာဉ်များသည် မှတ်ပုံတင်ထားခြင်း မရှိ လျှင်သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီး သက်တမ်းကုန်ဆုံးနေလျှင်သော် လည်းကောင်း ပြည်သူတို့ဆိုင်ရာ နေရာများတွင် မောင်းနှင်ခွင့်မရှိပါ။

(ခ) သက်တမ်းရှိမှတ်ပုံတင် သက်သေခံလက်မှတ် (အဝိုင်း)ကိုယာဉ်၏ ရှေ့တွင် မြင်သာ ထင်ရှားသောနေရာ၌ တပ်ဆင်ထားရမည်။

(ဂ) မော်တော်ယာဉ်ကို အခါခပ်သိမ်းထိရောက်စွာ ထိန်းသိမ်းသွားလာနိုင်ရန် ပြုပြင်ထားရှိရန် ပိုင်ရှင်တွင် တာဝန်ရှိသည်။

(ဃ) မှတ်ပုံတင်သက်တမ်းလဲရန် (၅)နှစ်ကျော်ပျက်ကွက်လျှင် ယာဉ်၏မှတ်ပုံတင်ကိုဖျက်သိမ်း မည်ကို သတိပြုရမည်။

(င) သူတပါးထိခိုက်မှု အာမခံထားရှိခြင်း မရှိသေးသောယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာ များတွင် အသုံးပြုခွင့်မရှိပါ။

(စ) မော်တော်ယာဉ်တိုင်းတွင် သတိပေးရန် ဟွန်းတပ်ဆင်ထားရှိရမည်။ ၎င်းဟွန်းသံသည် တစ်သံတည်းဖြစ်ရမည်။

(ဆ) ပတ်ဝန်ကျင်းလေထုကို ညစ်ထေးစေသည့် မီးခိုးအလွန်အကျွံထွက်သော မော်တော်ယာဉ် အား မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်အဖွဲ့က ငြင်းဆိုနိုင်သည် (သို့မဟုတ်) ခေတ္တရပ်စဲနိုင် သည်။

(ဇ) ပတ်ဝန်းကျင်မြေထုလမ်းများ ညစ်ထေးစေသည့် စက်သုံးဆီများ ယိုစိမ့်မှုကို ပြုပြင် ထိန်းသိမ်းထားခြင်း မရှိလျှင် မှတ်ပုံတင်အဖွဲ့သည် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းကို ငြင်းဆိုနိုင်သည် (သို့မဟုတ်) ခေတ္တရပ်စဲနိုင်သည်။

(ဈ) ယာဉ်ကိုရောင်းချပြီးဖြစ်ပါက အမည်ပြောင်းဆောင်ရွက်ခြင်း၊ ယာဉ်လက်ဝယ်ရှိ သော်လည်း သက်တမ်းတိုးရန် အခြေအနေမရှိပါက သက်ဆိုင်ရာရုံးနှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဖျက်သိမ်းရန်အခြေအနေမျိုးဖြစ်ပါက မှတ်ပုံတင်ဖျက်သိမ်းရန် ဆောင်ရွက်ခြင်း

Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်