ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / မော်တော်ယာဉ်များတွင်အသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) တပ်ဆင်အသုံးပြုရန်ကိစ္စ
မော်တော်ယာဉ်များတွင်အသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) တပ်ဆင်အသုံးပြုရန်ကိစ္စ

ကနဦးမှတ်ပုံတင်ယာဉ်များစစ်ဆေးရာတွင် မူလထုတ်လုပ်သူ၏ စံသတ်မှတ်ချက်ပုံစံ အတိုင်း အသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) ပါရှိကြောင်းစစ်ဆေးပြီး ပြည့်စုံကောင်းမွန်မှု ရှိမှသာ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးပါသည်။

နှစ်လဲနှင့် အခြားမှတ်ပုံတင်လုပ်ငန်းများတွင် (Seat Belt) တပ်ဆင်ထားမှုနှင့် အသုံးပြုနိုင်မှုကို အောက်ပါနည်းလမ်းများအတိုင်း စစ်ဆေးဆောင်ရွက်ပါသည်-

  • “6C” အက္ခရာနှင့်အထက် လူစီးယာဉ်များအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) များတပ်ဆင်ပါရှိရမည်။
  • “6C” အက္ခရာအောက် ယာဉ်ဖြစ်သော်လည်း ၁၉၉၅ ခုနှစ်နှင့်အထက် ထုတ်လုပ်သည့် ယာဉ်များအားလုံးမူလစက်ရုံထုတ်ပုံစံတွင်ပါရှိသည့်အတိုင်းအသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) တပ်ဆင်ပါရှိရမည်။
  • Pick Up, Light Truck, Truck, City Busယာဉ်များအားလုံး ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံခါးပတ် (Driver Seat Belt) မဖြစ်မနေတပ်ဆင်ပါရှိရမည်။
  • ကျောင်းသားများပို့ဆောင်သော School Bus နှင့် ခရီးသည်ပို့ဆောင်သော အဝေးပြေး Express Bus ယာဉ်များအားလုံး ယာဉ်မောင်းနှင့်စီးနင်းသူများအတွက် အသက်ကယ် ထိုင်ခုံခါးပတ် (Seat Belt) ပြည့်စုံစွာတပ်ဆင်ပါရှိရမည်။

အထက်ဖော်ပြပါယာဉ်များတွင် (Seat Belt) များပြည့်စုံစွာ မပါရှိခြင်း၊ ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း မရှိပါက မှတ်ပုံတင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခြင်း မပြုရန်နှင့် အရေးယူဆောင်ရွက်ခြင်းအား (၁.၁၁.၂၀၁၆) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပါသည်။

Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်