ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့်ယာဉ်များနှင့် မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များ
နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့်ယာဉ်များနှင့် မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များ

နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့် မော်တော်ယာဉ်များနှင့် တစ်ဝက် နောက်တွဲယာဉ်များသည် ဤနောက်ဆက်တွဲစာချုပ်ငယ်တွင် ချမှတ်ထားသည့်ဥပဒေများနှင့် အညီ မိခင်နိုင်ငံအသီးသီးတွင် မှတ်ပုံတင်ရမည်။

အသုံးပြုမည့်ဘာသာနှင့်အက္ခရာ

ယာဉ်၏သက်သေခံအမှတ်အသားများ၊မှတ်ပုံတင်သက်သေခံလက်မှတ်နှင့် ယာဉ်နံပါတ် ပြားတို့တွင် ရေးသားထားသောအချက်အလက်များသည် အင်္ဂလိပ်ဘာသာ (ပုံနှိပ်စာလုံး(နှင့်/သို့) အက္ခရာအသေးစာလုံးများ)နှင့်အာရဗီဂဏန်းများဖြစ်ရပေမည်။ ဤသို့ အင်္ဂလိပ်အက္ခရာ/ အာရဗီ ဂဏန်းတို့နှင့်အတူ မိမိတို့နိုင်ငံ၏ နိုင်ငံတော်ဘာသာ၊ အက္ခရာဖြင့်ထပ်မံယှဉ်တွဲ ထည့်သွင်းရေး သားခြင်းကို ကန့်ကွက်ရန်မရှိပေ။

သက်သေခံအမှတ်အသားများ

(က) နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့် မော်တော်ယာဉ်တိုင်းတွင် အောက်ဖော်ပြ ပါ သက်သေခံအမှတ်အသားများပါရှိရမည်-

  • (၁) ယာဉ်ထုတ်လုပ်သည့်ကုမ္မဏီ၏အမည် (သို့)ကုန်စည်အမှတ်တံဆိပ်၊
  • (၂) ဘောင်ပေါ်တွင်(သို့)ဘောင်မပါသည့်အခါယာဉ်ကိုယ်ထည်ပေါ်တွင် ထုတ်လုပ်သည့် ကုမ္မဏီ၏ ထုတ်လုပ်မှုနံပါတ် (သို့) ထုတ်လုပ်မှုအမှတ်စဉ်နံပါတ်၊
  • (၃) စက်နံပါတ်၊ ထုတ်လုပ်သည့်ကုမ္မဏီမှစက်ပေါ်တွင် နံပါတ်ရိုက်နှိပ်ပါက (တစ်ဝက် နောက်တွဲယာဉ်အတွက် မလိုအပ်ပါ။)

(ခ) ဤသက်သေခံအမှတ်အသားများအားလုံးသည် အသုံးပြုရန်၊ ကြည့်ရှုရန်အဆင်ပြေသည့် နေရာတွင်ရှိရမည်ဖြစ်ပြီး ဖတ်ရှုရန်ရှင်းလင်းပီသမှုရှိရမည်။ ထို့အပြင်ပြုပြင်ပြောင်းလဲရန် (သို့) ဖျက်ပစ်ရန် လွယ်ကူမှုမရှိစေရပေ။

မှတ်ပုံတင်သက်သေခံလက်မှတ်

(က) နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့် မော်တော်ယာဉ်တိုင်းတွင် မိခင်နိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှထုတ်ပေးထားသော သက်တမ်းရှိမှတ်ပုံတင်သက်သေခံ လက်မှတ်တစ်ပါးတည်းယူဆောင်လာရမည်။

(ခ) ၎င်းတွင် အောက်ပါအချက်အလက်များပါရှိရမည်-

  • (၁) အခြေခံအချက်အလက်များ
    • (ကက) မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်ဟူသောခေါင်းစဉ်
    • (ခခ) မှတ်ပုံတင်ထုတ်ပေးသောဌာနအမည်နှင့်အမှတ်တံဆိပ်
    • (ဂဂ) မှတ်ပုံတင်ထုတ်ပေးသောဌာန၊လိပ်စာနှင့်ဆက်သွယ်ရမည့်အချက်အလက်များ
    • (ဃဃ) မှတ်ပုံတင်ထုတ်ပေးသောနိုင်ငံ (နိုင်ငံအမှတ်တံဆိပ်ဖြင့်)
    • (ငင) စစ်မှန်မှုအထောက်အထားများ (ချိပ်/တံဆိပ်/လက်မှတ်)
    • (စစ) ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်ထုတ်ပေးသည့်ရက်စွဲ
  • (၂) မှတ်ပုံတင်ဆိုင်ရာအချက်အလက်များ
    • (ကက) လိုင်စင်ပြား(သို့)ယာဉ်မှတ်ပုံတင်နံပါတ်
    • (ခခ) မှတ်ပုံတင်ထားရာနိုင်ငံ၏နိုင်ငံအမှတ်အသား
    • (ဂဂ) ကနဦးမှတ်ပုံတင်ရက်စွဲ
    • (ဃဃ) သက်တမ်းရှိကာလ (ကန့်သတ်မှုကင်းလွတ်မဟုတ်လျှင်)
  • (၃) သက်သေခံလက်မှတ်တွင် ပိုင်ရှင်/ကိုင်ဆောင်သူဆိုင်ရာအချက်အလက်များ
    • (ကက) အမည်အပြည့်အစုံ
    • (ခခ) လိပ်စာ
  • (၄) မော်တော်ယာဉ်ဆိုင်ရာအချက်အလက်များ
    • (ကက) အမျိုးအစား-ကုန်တင်၊ ခရီးသည်တင်ဘတ်စ်၊ ခရီးသည်တင်ယာဉ်ငယ် စသည်ဖြင့်
    • (ခခ) ကိုယ်ထည်
      • (၁၁) အမှတ်တံဆိပ်/ကုန်အမှတ်တံဆိပ်
      • (၂၂) ခုနှစ်ပုံစံ/ကုတ်နံပါတ်(သက်ဆိုင်လျှင်)
      • (၃၃) အရောင်(RAL Code)
      • (၄၄) ထုတ်လုပ်သည့်ခုနှစ်(ရရှိနိုင်လျှင်)
      • (၅၅) ဘောင်နံပါတ်
      • (၆၆) ဝင်ရိုးအရေအတွက်
      • (၇၇) ဝန်မဲ့အလေးချိန်(tare)
        (ကုန်တင်ကားများနှင့်ဘတ်စ်ကားများ) (ဤအချက်အလက်ကိုကုန် တင်ကား (သို့) ဘတ်စ်ကား၏ ကိုယ်ထည်ပေါ်တွင် ဆေးခြယ် ရေးသားထားလိုက ထားနိုင်သည်)
      • (၈၈) စုစုပေါင်းအလေးချိန် (ကုန်တင်ယာဉ်များ)သို့ တင်ဆောင်နိုင် သည့်လူဦးရေ (ဘတ်စ်) (ဤအချက်အလက်ကို ကုန်တင်ကား (သို့)ဘတ်စ်ကား၏ ကိုယ်ထည်ပေါ်တွင် ဆေးခြယ်ရေးသားထား လိုကထားနိုင်သည်)
ယာဉ်နံပါတ်ပြား

နယ်စပ်ဖြတ်ကျော်သွားလာပို့ဆောင်မှုတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းသည် ယာဉ်မှတ်ပုံတင်နံပါတ်ကိုရေပြင်ညီဖြစ်သော ကောင်းမွန်သည့်သတ္တုပြားပေါ်ရေးသားပြီးယာဉ်၏ အရှေ့နှင့်အနောက် အလျားလိုက်ကိုယ်ထည်ပြားအလယ်တွင်ထောင့်မှန်ကျကျ တပ်ဆင်ရမည်။ ထို့အပြင် မီတာ ၃၅-၄၀ အကွာအဝေးမှ ရှင်းလင်းစွာမြင်နိုင်ရမည်။ နံပါတ်ပြားမျက်နှာပြင်သည် ရောင်ပြန်ပြားဖြစ်နိုင်ပေသည်။ တစ်ဝက်နောက်တွဲယာဉ်များတွင် ယာဉ်နံပါတ်ပြားကို ယာဉ် နောက်ဘက်၌တပ်ဆင်လျှင် လုံလောက်ပေသည်။

နိုင်ငံခွဲခြားအမှတ်အသား

(က) နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့် မော်တော်ယာဉ်တိုင်းသည် ယာဉ်မှတ် ပုံတင်နံပါတ်ပြားအပြင် မှတ်ပုံတင်ထားရာနိုင်ငံ၏ နိုင်ငံခွဲခြားအမှတ်အသားကိုပါယာဉ်၏ အနောက်ဘက်၌ တပ်ဆင်ပြသထားရမည်။ ၎င်းအမှတ်အသားတွင် စာလုံးရေ(၁)လုံးမှ (၃)လုံးအထိပါဝင်နိုင်ပြီး လက်တင်အက္ခရာစာလုံးအကြီးများဖြင့်ဖြစ်ရမည်။ စာလုံးများ သည် အနည်းဆုံးအမြင့် ဝ.ဝ၈ မီတာရှိရမည်ဖြစ်ပြီး တစ်လုံးနှင့်တစ်လုံး ဝ.ဝ၁ မီတာကွာ ရမည်။ ထိုစာလုံးများကို ဘဲဥပုံအဖြူခံပေါ်တွင် အနက်ရောင်ဖြင့် အလျားလိုက်ရေးရမည်။

(ခ) ဤအမှတ်အသားသည် ယာဉ်မှတ်ပုံတင်နံပါတ်နှင့်တွဲစပ်နေခြင်းမရှိစေရ (သို့) ၎င်းနံပါတ် နှင့် ရောထွေးစေမည့်နေရာတွင် တပ်ဆင်ခြင်းမရှိစေရ (သို့) ဖတ်ရှုရန်ရှင်းလင်းမှုမရှိသည့် အနေအထားမျိုးမရှိစေရ။

(ဂ) ဤအမှတ်အသားကို တပ်ဆင်ရာတွင်လည်း ယာဉ်မှတ်ပုံတင်နံပါတ်ပြားအား တပ်ဆင် သည့် ဥပဒေအတိုင်း ဆောင်ရွက်ရမည်။

(ဃ) စာချုပ်ဝင်နိုင်ငံအသီးသီး၏ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် နိုင်ငံခွဲခြားအမှတ် အသား များမှာ အောက်ပါအတိုင်းဖြစ်သည်-
ကမ္ဘောဒီးယား – KH
တရုတ်ပြည်သူ့သမ္မတနိုင်ငံ – CHN
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ – LAO
မြန်မာနိုင်ငံ – MY
ထိုင်းနိုင်ငံ – T
ဗီယက်နမ် – VN

Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်