အသိပေးကြေညာခြင်း

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးယာဉ်စီးရေ များပြားသဖြင့်အချိန်ကြာမြင့်ခြင်း၊ လမ်းများပေါ်တွင် တန်းစီစောင့်ဆိုင်း ရသည့်ယာဉ်များကြောင့်ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခြင်းများလျော့နည်းသက်သာစေရန်အတွက် နှစ်လဲမှတ်ပုံတင်ယာဉ်စစ်ဆေးရက်ချိန်းအား www.rtad.gov.mm Website တွင် ကြိုတင်စာရင်းသွင်း သည့်စနစ် (Online Booking System)ကို ၂.၁.၂၀၁၈ ရက် (အင်္ဂါနေ့)မှ စတင်၍ ပြောင်းလဲ ကျင့်သုံးခဲ့ရာ အဆင်ပြေပြေ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂။ ထိုအပြင် Online Booking ရယူရန် အခက်အခဲရှိသူများ နှစ်လဲမှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် လစဉ် လ တစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် (၂) ရက်ကို Online Booking ရက်ချိန်းယူရန်မလိုဘဲ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
၃။ သို့သော် ၂၀၁၇ ခုနှစ်၊ မတ်လ (၂၉)ရက်နှင့်(၃၀)ရက်နေ့များတွင် Online Booking ရယူရန် အခက်အခဲရှိသူများ၊ ဘီးခွန်ကိစ္စကြောင့် သက်တမ်းကြိုတိုးသည့်ယာဉ် များပြားခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနရုံးများ၌ လက်ခံဆောင်ရွက်ပေး နိုင် သည့် ယာဉ်စီးရေပမာဏထက် ပိုမိုများပြားစွာ လာရောက်ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူများ နံနက်စောစောပိုင်းမှ တန်းစီစောင့်ဆိုင်းဆောင်ရွက်ရခြင်း၊ ညအထိလုပ်ငန်းများကိုလက်ခံဆောင်ရွက် ပေးရခြင်းစသည့် အခက်အခဲများဖြစ်ပေါ်ခဲ့ပါသည်။
၄။ သို့ပါ၍ ယာဉ်ပိုင်ရှင်များအနေဖြင့် ထိုသို့သောအဆင်မပြေမှုများကို ရှောင်လွှဲနိုင်ရန်အတွက် လကုန်ရက်မတိုင်မီ မိမိယာဉ်စစ်ဆေးလိုသည့်ရက်ကို Online Booking ကြိုတင်စာရင်းသွင်းသည့် စနစ်ကို ဉီးစားပေးဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
၅။ Online Bookingကိုအနည်းဆုံး(၃)ရက်မှအများဆုံး(၃၀)ရက်အထိကြိုတင်ရယူနိုင်ပြီး Online အသုံးပြုရန်အသေးစိတ်အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် Ministry of Transport and Communications, Myanmar Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မရှင်းလင်းသည်များရှိပါက အောက်ပါ ဖုန်းနံပါတ် များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

  • ရုံးချုပ်(နေပြည်တော်) – ၀၆၇-၃၄၀၅၃၅၉၊ ၀၆၇-၃၄၀၅၀၉၉
  • တိုင်းဒေသကြီးရုံး(ရန်ကုန်) – ၀၁-၅၇၀၉၆၇
  • တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး) – ၀၁-၂၅၈၅၀၈၂
  • ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) – ၀၁-၅၉၀၁၀၇
  • ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) – ၀၁-၅၇၃၁၀၉
  • ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း) – ၀၁-၃၆၄၄၄၁၀

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန