ယာဉ်စစ်ဆေးရေးဌာန၏ အဓိကလုပ်ငန်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကနဦးယာဉ်များ မှတ်ပုံမတင်မီ ကုန်ပိုမိုတင်ဆောင်ရန်ရည်ရွယ်၍လည်းကောင်း၊ မိမိတို့ အသုံးပြုလိုသည့် ရည်ရွယ်ချက်အရလည်းကောင်း၊ အတိုင်းအတာများတိုးချဲ့ခြင်းနှင့် ခုနှစ်ပုံစံ မြှင့်တင်ရန်ရည်ရွယ်၍ မူလစက်ရုံထုတ်ခုနှစ်ပုံစံ (ရုပ်) ကိုပြောင်းလဲစေသည့် Shell နှင့် မီးခွက် များ ပြောင်းလဲလာကြခြင်းကြောင့်လည်းကောင်း၊ လမ်းတံတားများပျက်စီးမှုမရှိစေရန်၊ တင် အားနှင့် လမ်းတံတား ဝန်ခံအား မျှတမှုရှိစေရန်အတွက်လည်းကောင်း၊ မော်တော်ယာဉ်တင်သွင်း ခွင့် မူဝါဒပြောင်းလဲလာခြင်းနှင့် ပြည်တွင်းတွင် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်လျက် ရှိခြင်းတို့ကြောင့် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ပြည်တွင်း SKD စနစ်ဖြင့် ထုတ်လုပ်သည့်ယာဉ်များ ကနဦးမှတ်ပုံတင်ရန်အတွက် ယာဉ်စစ်ဆေးရာတွင် မူလစက်ရုံထုတ် ခုနှစ်ပုံစံ (ရုပ်)၊ အတိုင်းအတာ၊ တင်အားများအတိုင်းသာ သတ်မှတ်ခွင့်ပြု ယာဉ်စစ်ဆေးပေးရန် နှင့် မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ ပြုပြင်ထားကြောင်းစစ်ဆေးတွေ့ရှိပါက ရုံးချုပ် (နေပြည်တော်) သို့တင်ပြရန်နှင့် ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရန် ၁၆.၈.၂၀၁၈ ရက်နေ့ တွင် “ညွှန်ကြားချက်-၁၆/၁၈” ဖြင့်ထုတ်ပြန်ခဲ့ပါသည်။