လေလံယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ
- ၁။ တပ်မတော်လေလံယာဉ်
- ၂။ ဌာနဆိုင်ရာလေလံယာဉ်
- ၃။ နိုင်ငံပိုင်သိမ်းဆည်းလေလံယာဉ်
၁။ တပ်မတော်လေလံယာဉ်
- (က) လျှောက်လွှာစိစစ်ခြင်း။
- (ခ) ငွေသွင်းပြေစာစိစစ်ခြင်း။
- (ဂ) ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူကြောင်းထောက်ခံချက်စိစစ်ခြင်း။
- (ဃ) မော်တော်ယာဉ်ထုတ်ပေးပြေစာ စိစစ်ခြင်း။
- (င) တပ်မှူး(သို့မဟုတ်)ဒုတပ်မှူးလက်မှတ်ပါ ထောက်ခံချက် စိစစ်ခြင်း။
- (စ) လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူစိစစ်ခြင်း။
၂။ ဌာနဆိုင်ရာလေလံယာဉ်
- (က) လျှောက်လွှာစိစစ်ခြင်း။
- (ခ) ငွေသွင်းပြေစာစိစစ်ခြင်း။
- (ဂ) လေလံအောင်မြင်ကြောင်းထောက်ခံချက်စိစစ်ခြင်း။
- (ဃ) လေလံယာဉ်စာရင်းစိစစ်ခြင်း
- (င) ကမ(၃)စာအုပ်(ရှိလျှင်)စိစစ်ခြင်း။
- (စ) လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူစိစစ်ခြင်း။
၃။ နိုင်ငံပိုင်သိမ်းဆည်းလေလံယာဉ်
- (က) လျှောက်လွှာစိစစ်ခြင်း။
- (ခ) ငွေသွင်းပြေစာစိစစ်ခြင်း။
- (ဂ) လေလံအောင်မြင်ကြောင်းထောက်ခံချက်စိစစ်ခြင်း။
- (ဃ) လေလံယာဉ်စာရင်းစိစစ်ခြင်း
- (င) လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္ထူစိစစ်ခြင်း။
လေလံယာဉ်များပြန်လည်မှတ်ပုံတင်ခြင်း
၁။ ယာဉ်စစ်ဆေးခြင်း
- (က) စာရွက်စာတမ်းများနှင့် ယာဉ်တိုက်ဆိုင်စစ်ဆေးခြင်း။
- (ခ) သတ်မှတ်စံနှုန်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း။
- (ဂ) ယာဉ်စစ်ဆေးချက်များ ရုံးချုပ်သို့ပေးပို့ခြင်း။
- (ဃ) ရုံးချုပ်မှ စိစစ်ခြင်း၊ ပြုပြင်စေခြင်း၊ အတည်ပြုခြင်း။
၂။ အခွန်ငွေများပေးသွင်းခြင်း
- (က) သက်ဆိုင်ရာရုံးများတွင် ပြန်လည်မှတ်ပုံတင်ခ+ယာဉ်စစ်ဆေးခပေးသွင်းခြင်း။
- (ခ) ဒဏ်ကြေးငွေများပေးသွင်းရန် ရှိပါက ပေးသွင်းခြင်း။
- (ဂ) သူတပါးထိခိုက်မှုအာမခံ ပေးသွင်းခြင်း။
- (ဃ) စည်ပင်သာယာဘီးခွန်ပေးသွင်းခြင်း။
၃။ မူသေအမှတ်သတ်မှတ်ခြင်း။
- ရုံးချုပ်မှ သတ်မှတ်ပေးသည့်အတိုင်းဆောင်ရွက်ခြင်း။
၄။ အမှုတွဲပြုစုခြင်း။
- (က) အမှုတွဲဖိုင်ဖွင့်လှစ်ခြင်း။
- (ခ) ကွန်ပျူတာစနစ်ဖြင့် ရိုက်နှိပ်ပေးခြင်း။ (စာအုပ်၊အဝိုင်း၊မှတ်တမ်းကတ်)
၅။ ယာဉ်မှတ်ပုံတင်စာအုပ် နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်ထုတ်ပေးခြင်း
- ငွေသွင်းပြေစာစိစစ်၍ ထုတ်ပေးခြင်း။