မော်တော်ယာဉ်များတွင်အသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) တပ်ဆင်အသုံးပြုရန်ကိစ္စ
ကနဦးမှတ်ပုံတင်ယာဉ်များစစ်ဆေးရာတွင် မူလထုတ်လုပ်သူ၏ စံသတ်မှတ်ချက်ပုံစံ အတိုင်း အသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) ပါရှိကြောင်းစစ်ဆေးပြီး ပြည့်စုံကောင်းမွန်မှု ရှိမှသာ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးပါသည်။
နှစ်လဲနှင့် အခြားမှတ်ပုံတင်လုပ်ငန်းများတွင် (Seat Belt) တပ်ဆင်ထားမှုနှင့် အသုံးပြုနိုင်မှုကို အောက်ပါနည်းလမ်းများအတိုင်း စစ်ဆေးဆောင်ရွက်ပါသည်-
- “6C” အက္ခရာနှင့်အထက် လူစီးယာဉ်များအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) များတပ်ဆင်ပါရှိရမည်။
- “6C” အက္ခရာအောက် ယာဉ်ဖြစ်သော်လည်း ၁၉၉၅ ခုနှစ်နှင့်အထက် ထုတ်လုပ်သည့် ယာဉ်များအားလုံးမူလစက်ရုံထုတ်ပုံစံတွင်ပါရှိသည့်အတိုင်းအသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) တပ်ဆင်ပါရှိရမည်။
- Pick Up, Light Truck, Truck, City Busယာဉ်များအားလုံး ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံခါးပတ် (Driver Seat Belt) မဖြစ်မနေတပ်ဆင်ပါရှိရမည်။
- ကျောင်းသားများပို့ဆောင်သော School Bus နှင့် ခရီးသည်ပို့ဆောင်သော အဝေးပြေး Express Bus ယာဉ်များအားလုံး ယာဉ်မောင်းနှင့်စီးနင်းသူများအတွက် အသက်ကယ် ထိုင်ခုံခါးပတ် (Seat Belt) ပြည့်စုံစွာတပ်ဆင်ပါရှိရမည်။
အထက်ဖော်ပြပါယာဉ်များတွင် (Seat Belt) များပြည့်စုံစွာ မပါရှိခြင်း၊ ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း မရှိပါက မှတ်ပုံတင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခြင်း မပြုရန်နှင့် အရေးယူဆောင်ရွက်ခြင်းအား (၁.၁၁.၂၀၁၆) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပါသည်။