ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်အကူလက်မှတ်၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ်နှင့် ယာယီယာဉ်မောင်းနှင်ခွင့် လက်မှတ်တို့၏ ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် မောင်းနှင်ခွင့်ရှိသော ယာဉ်အမျိုးအစားများနှင့် ကနဦးနှင့် နှစ်လဲ သက်တမ်းတိုး လိုင်စင်သက်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် | ယာဉ်မောင်းလိုင်စင် | မောင်းနှင်ခွင့်ရှိသည့်မော်တော်ယာဉ် | သက်တမ်း |
---|---|---|---|
(က) | "သ" ယာဉ်မောင်းလိုင်စင် | မော်တော်ယာဉ်အမောင်းသင်ရန် | (၁)နှစ် |
(ခ) | "က" ယာဉ်မောင်းလိုင်စင် | မော်တော်ဆိုင်ကယ် | (၅)နှစ် |
(ဂ) | "ခ" ယာဉ်မောင်းလိုင်စင် | မော်တော်ဆိုင်ကယ်၊တင်အားသုံးတန် အထိတင်ဆောင်နိုင်သောကိုယ်ပိုင် မော်တော်ယာဉ်နှင့် လူ ၁၅ ဦးအထိ တင်ဆောင်နိုင်သောကိုယ်ပိုင်မော်တော်ယာဉ် | (၅)နှစ် |
(ဃ) | "ဂ" ယာဉ်မောင်းလိုင်စင် | စက်ယန္တရား | (၅)နှစ် |
(င) | "ဃ" ယာဉ်မောင်းလိုင်စင် | တက္ကစီယာဉ်နှင့် “ခ” ယာဉ်မောင်းလိုင်စင်၊ “ဌ” ယာဉ်မောင်းလိုင်စင်၊ “ဟ” ယာဉ်မောင်း လိုင်စင်တို့ဖြင့်မောင်းနှင်ခွင့်ရှိသော မော်တော်ယာဉ်များ | (၃)နှစ် |
(စ) | "င" ယာဉ်မောင်းလိုင်စင် | စက်ယန္တရားမှအပ ဥပဒေနှင့်အညီ မှတ်ပုံ တင်ထားသော မည်သည့်မော်တော်ယာဉ်ကိုမဆို | (၃)နှစ် |
(ဆ) | "ဌ" ယာဉ်မောင်းလိုင်စင် | ထရော်လာဂျီ | (၅)နှစ် |
(ဇ) | "ဟ" ယာဉ်မောင်းလိုင်စင် | မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ် | (၅)နှစ် |
(ဈ) | "စ" ယာဉ်အကူလိုင်စင် | ယာဉ်အကူနှင့် လက်မှတ်ရောင်း | (၅)နှစ် |
(ည) | အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ် | ပြည်တွင်းယာဉ်မောင်းလိုင်စင်အရ မောင်းနှင်ခွင့်ရှိသည့် မော်တော်ယာဉ်အမျိုးအစား | (၁)နှစ် |
(ဋ) | ယာယီယာဉ်မောင်းနှင်ခွင့်လက်မှတ် | သက်ဆိုင်ရာနိုင်ငံကထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် မောင်းနှင်ခွင့်ပြုသည့် မော်တော်ယာဉ်အမျိုးအစား | (၁)နှစ် |