ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ
ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ

ယာဉ်စစ်ဆေးရေးဌာန၏ အဓိကလုပ်ငန်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကနဦးမော်တော်ယာဉ်စစ်ဆေးခြင်း
  • နှစ်လဲမော်တော်ယာဉ်စစ်ဆေးခြင်း
  • ကိုယ်ထည်ပြောင်း၊ အစိတ်အပိုင်းပြောင်း၊ ဆေးရောင်ပြောင်း၊ အမည်ပြောင်းယာဉ်စစ် ဆေးခြင်း
  • နယ်ဝင်မော်တော်ယာဉ်စစ်ဆေးခြင်း
  • ခရီးလွန်မော်တော်ယာဉ်စစ်ဆေးခြင်း
  • မော်တော်ယာဉ်မှတ်ပုံတင်ဆိုင်ရာကိစ္စရပ်များအတွက် ယာဉ်စစ်ဆေးခြင်း
  • စီမံချက်အရယာဉ်စစ်ဆေးခြင်း
  • လိုအပ်ချက်အရယာဉ်စစ်ဆေးခြင်း
ကနဦးယာဉ်များ ယာဉ်စစ်ဆေးခြင်းအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်

ကနဦးယာဉ်များ မှတ်ပုံမတင်မီ ကုန်ပိုမိုတင်ဆောင်ရန်ရည်ရွယ်၍လည်းကောင်း၊ မိမိတို့ အသုံးပြုလိုသည့် ရည်ရွယ်ချက်အရလည်းကောင်း၊ အတိုင်းအတာများတိုးချဲ့ခြင်းနှင့် ခုနှစ်ပုံစံ မြှင့်တင်ရန်ရည်ရွယ်၍ မူလစက်ရုံထုတ်ခုနှစ်ပုံစံ (ရုပ်) ကိုပြောင်းလဲစေသည့် Shell နှင့် မီးခွက် များ ပြောင်းလဲလာကြခြင်းကြောင့်လည်းကောင်း၊ လမ်းတံတားများပျက်စီးမှုမရှိစေရန်၊ တင် အားနှင့် လမ်းတံတား ဝန်ခံအား မျှတမှုရှိစေရန်အတွက်လည်းကောင်း၊ မော်တော်ယာဉ်တင်သွင်း ခွင့် မူဝါဒပြောင်းလဲလာခြင်းနှင့် ပြည်တွင်းတွင် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်လျက် ရှိခြင်းတို့ကြောင့် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ပြည်တွင်း SKD စနစ်ဖြင့် ထုတ်လုပ်သည့်ယာဉ်များ ကနဦးမှတ်ပုံတင်ရန်အတွက် ယာဉ်စစ်ဆေးရာတွင် မူလစက်ရုံထုတ် ခုနှစ်ပုံစံ (ရုပ်)၊ အတိုင်းအတာ၊ တင်အားများအတိုင်းသာ သတ်မှတ်ခွင့်ပြု ယာဉ်စစ်ဆေးပေးရန် နှင့် မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ ပြုပြင်ထားကြောင်းစစ်ဆေးတွေ့ရှိပါက ရုံးချုပ် (နေပြည်တော်) သို့တင်ပြရန်နှင့် ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရန် ၁၆.၈.၂၀၁၈ ရက်နေ့ တွင် “ညွှန်ကြားချက်-၁၆/၁၈” ဖြင့်ထုတ်ပြန်ခဲ့ပါသည်။

Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်