ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက်မောင်းနှင်ခွင့်ရှိသည့် မော်တော်ယာဉ်အမျိုးအစားများနှင့် သက်တမ်းများ
ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက်မောင်းနှင်ခွင့်ရှိသည့် မော်တော်ယာဉ်အမျိုးအစားများနှင့် သက်တမ်းများ

ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်အကူလက်မှတ်၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ်နှင့် ယာယီယာဉ်မောင်းနှင်ခွင့် လက်မှတ်တို့၏ ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် မောင်းနှင်ခွင့်ရှိသော ယာဉ်အမျိုးအစားများနှင့် ကနဦးနှင့် နှစ်လဲ သက်တမ်းတိုး လိုင်စင်သက်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ယာဉ်မောင်းလိုင်စင် မောင်းနှင်ခွင့်ရှိသည့်မော်တော်ယာဉ် သက်တမ်း
(က) "သ" ယာဉ်မောင်းလိုင်စင် မော်တော်ယာဉ်အမောင်းသင်ရန် (၁)နှစ်
(ခ) "က" ယာဉ်မောင်းလိုင်စင် မော်တော်ဆိုင်ကယ် (၅)နှစ်
(ဂ) "ခ" ယာဉ်မောင်းလိုင်စင် မော်တော်ဆိုင်ကယ်၊တင်အားသုံးတန် အထိတင်ဆောင်နိုင်သောကိုယ်ပိုင် မော်တော်ယာဉ်နှင့် လူ ၁၅ ဦးအထိ တင်‌ဆောင်နိုင်သောကိုယ်ပိုင်မော်တော်ယာဉ် (၅)နှစ်
(ဃ) "ဂ" ယာဉ်မောင်းလိုင်စင် စက်ယန္တရား (၅)နှစ်
(င) "ဃ" ယာဉ်မောင်းလိုင်စင် တက္ကစီယာဉ်နှင့် “ခ” ယာဉ်မောင်းလိုင်စင်၊ “ဌ” ယာဉ်မောင်းလိုင်စင်၊ “ဟ” ယာဉ်မောင်း လိုင်စင်တို့ဖြင့်မောင်းနှင်ခွင့်ရှိသော မော်တော်ယာဉ်များ (၃)နှစ်
(စ) "င" ယာဉ်မောင်းလိုင်စင် စက်ယန္တရားမှအပ ဥပဒေနှင့်အညီ မှတ်ပုံ တင်ထားသော မည်သည့်မော်တော်ယာဉ်ကိုမဆို (၃)နှစ်
(ဆ) "ဌ" ယာဉ်မောင်းလိုင်စင် ထရော်လာဂျီ (၅)နှစ်
(ဇ) "ဟ" ယာဉ်မောင်းလိုင်စင် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ် (၅)နှစ်
(ဈ) "စ" ယာဉ်အကူလိုင်စင် ယာဉ်အကူနှင့် လက်မှတ်ရောင်း (၅)နှစ်
(ည) အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ် ပြည်တွင်းယာဉ်မောင်းလိုင်စင်အရ မောင်းနှင်ခွင့်ရှိသည့် မော်တော်ယာဉ်အမျိုးအစား (၁)နှစ်
(ဋ) ယာယီယာဉ်မောင်းနှင်ခွင့်လက်မှတ် သက်ဆိုင်ရာနိုင်ငံကထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် မောင်းနှင်ခွင့်ပြုသည့် မော်တော်ယာဉ်အမျိုးအစား (၁)နှစ်
Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်