ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ
ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ

၁။ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းအမျိုးအစားများ

  • (က) ပြည်ပတင်သွင်းယာဉ် (တစ်ဦးချင်းပါမစ်ဖြင့်တင်သွင်းယာဉ်)
  • (ခ) ယာဉ်အို/ဟောင်း အပ်နှံပြီး ပြည်ပမှ အစားထိုးတင်သွင်းယာဉ်
  • (ဂ) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ယာဉ်
  • (ဃ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲဝေချထားယာဉ်
  • (င) စက်မှုဇုန်ထုတ်ယာဉ်
  • (စ) မော်တော်ယာဉ်အရောင်းပြခန်း/ အရောင်းစင်တာမှ ဝယ်ယူယာဉ်
  • (ဆ) သံတမန်နှင့် သံရုံးပိုင်ယာဉ်များ
  • (ဇ) ကုလသမဂ္ဂအဖွဲ့အစည်းပိုင်ယာဉ်
  • (ဈ) MIC ခွင့်ပြုချက်အရ SKD စနစ်ဖြင့် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သောယာဉ်
  • (ည) Draw Back စနစ်ဖြင့် တင်သွင်းလာသော မော်တော်ယာဉ်/ ယန္တရား/ နောက်တွဲမှတ်ပုံ တင်ခြင်း။
  • (ကနဉီးမှတ်ပုံတင်ခြင်းလုပ်ငန်းကို အမှတ်စဉ်(က)မှ(ဈ)ထိအား ထောက်ကြန့်/ ရွာသာကြီး/ နေပြည်တော်/ မန္တလေးရုံးများတွင်လည်းကောင်း၊ အမှတ်စဉ်(ည)အား တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ တွင်လည်းကောင်း ဆောင်ရွက်ပေးပါသည်)

(က) ပြည်ပတင်သွင်းယာဉ်(တစ်ဦးချင်းပါမစ်ဖြင့်တင်သွင်းယာဉ်)ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) သွင်းကုန်လိုင်စင်/ သွင်းကုန်ပါမစ်/ မော်တော်ယာဉ်ဝယ်ယူခွင့်လက်မှတ်
  • (၂) သွင်းကုန်ကြေညာလွှာ (သို့မဟုတ်) Release Order Notification
  • (၃) အကောက်ခွန်ဖော်ပြချက်
  • (၄) ကြိုတင်ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား (Normal Licence ဖြင့် တင်သွင်းသည့်ကုမ္ပဏီလိုင်စင်များမှအပ)

( ခ ) ယာဉ်အို/ဟောင်း အပ်နှံပြီး ပြည်ပမှ အစားထိုးတင်သွင်းယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပေးသော သွင်းကုန်လိုင်စင်
  • (၂) အကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် Release Order Notification
  • (၃) အကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်
  • (၄) တင်သွင်းလာသည့် သက်ဆိုင်ရာနိုင်ငံမှ မှတ်ပုံတင်ဖျက်သိမ်းကြောင်း ထောက်ခံချက်
  • (၅) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့်မှတ်ပုံတင်သက်တမ်း ကြာမြင့်သော မှတ်ပုံတင်ဖျက်သိမ်းယာဉ်အတွက် ထောက်ခံချက် (ပုံစံ-ဃ)
  • (၆) မော်တော်ယာဉ်အပ်နှံ/လက်ခံပြီးကြောင်းထောက်ခံချက် (ပုံစံ-စ)

(ဂ ) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) Certificate Of Approval
  • (၂) ကုန်ရောင်းပြေစာ/ ငွေရပြေစာ

(ဃ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲဝေချထားယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွဲဝေချထားစာ
  • (၂) ခွဲဝေယာဉ်စာရင်း
  • (၃) ယာဉ်လက်ခံ/ထုတ်ပေးပြေစာ
  • (၄) ခွဲဝေပေးသည့်ယာဉ်အတွက် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန (ECC) မှ ယာဉ်စစ်ဆေးချက်မှတ်တမ်း

(င ) စက်မှုဇုန်ထုတ်ယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ မှ ထုတ်ပေးသည့် Certificate Of Approval
  • (၂) ယာယီယာဉ်မှတ်ပုံတင်လက်မှတ်
  • (၃) အရောင်းအဝယ်စာချုပ်

( စ ) မော်တော်ယာဉ်အရောင်းပြခန်း/ အရောင်းစင်တာမှ ဝယ်ယူယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ထုတ်ပေးသည့် မော်တော်ယာဉ် အရောင်းစင်တာ၊ အရောင်းပြခန်းတွင်ယာဉ်ဝယ်ယူခွင့်လက်မှတ်
  • (၂) အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် Release Order Notification
  • (၃) အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်
  • (၄) Recondition ယာဉ်ဖြစ်က သက်ဆိုင်ရာနိုင်ငံမှ ဖျက်သိမ်းကြောင်းထောက်ခံချက်

(ဆ ) သံတမန်နှင့် သံရုံးပိုင်ယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) သက်ဆိုင်ရာသံရုံးမှ ကနဦးမှတ်ပုံတင်လိုသော ယာဉ်အမှတ်နှင့် မှတ်ပုံတင်ခွင့် လျှောက်လွှာ
  • (၂) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကနဦးမှတ်ပုံတင်ခွင့်ပြုရန်အကြောင်းကြားစာ
  • (၃) အကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် Release Order Notification
  • (၄) အကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်

(ဇ) ကုလသမဂ္ဂအဖွဲ့အစည်းပိုင်ယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • (၁) နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှကနဦးမှတ်ပုံတင်ခွင့်ပြုရန် အကြောင်းကြားစာ
  • (၂) သက်ဆိုင်ရာအဖွဲ့အစည်းမှ ကနဦးမှတ်ပုံတင်လိုသောယာဉ်အမှတ်နှင့် မှတ်ပုံတင် ခွင့်လျှောက်လွှာ
  • (၃) အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် Release Order Notification
  • (၄) အကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်

( ဈ ) MIC ခွင့်ပြုချက်အရ SKD စနစ်ဖြင့် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သောယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • - SKD စနစ်ဖြင့် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သည့် မော်တော်ယာဉ်များ၏ ကိုယ်ထည် အမှတ်/ဘောင်အမှတ်တွင် Myanmar Country Codeဖော်ပြပါရှိသည်ဖြစ်စေ/ မပါရှိ သည်ဖြစ်စေ အစီး(၁၀၀)အထိကို စက်မှုဝန်ကြီးဌာနမှထုတ်ပေးသည့် Certificate of Approval (CoA)ဖြင့် ကနဦးမှတ်ပုံတင်ဆောင်ရွက်ပေးရန်နှင့် အစီး(၁၀၀)ပြည့်မြောက်ပြီး နောက် ပုံမှန်ဆက်လက်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို သက်ဆိုင်ရာကုမ္ပဏီ၏ Inspection Certificate (IC) ဖြင့်သာ ကနဦးမှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ပေးရန် ဖြစ်ပါသည်။

( ည ) Draw Back စနစ်ဖြင့် တင်သွင်းလာသော မော်တော်ယာဉ်/ ယန္တရား/ နောက်တွဲမှတ်ပုံတင်ယာဉ် ကနဉီးမှတ်ပုံတင်ရန် လိုအပ်ချက်များ (ပြည်နယ်/တိုင်းဒေသကြီး ဦးစီးမှူးရုံးများ တွင်ဆောင်ရွက်ပေးပါသည်)

  • (၁) ကုန်သွယ်ရေးဦးစီးဌာန၏ သွင်းကုန်ပါမစ်
  • (၂) အကောက်ခွန်ဦးစီးဌာန၏ Customs Statement
  • (၃) သွင်းကုန်ပါမစ်နှင့် Customs Statement ပါ အမည်ဖြင့်သာမှတ်ပုံတင်ရန်၊
  • (၄) ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကောက်ခံခြင်းမပြုရန်၊
ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်
  • မူသေနံပါတ်ယူမည့် အမှုတွဲအား စိစစ်ခြင်း
  • ယာဉ်မူသေအမှတ်မဲဆွဲခြင်း(သို့)စိတ်ကြိုက်ဝယ်ယူခြင်း
  • ယာဉ်စစ်ဆေးခြင်း
  • ယာဉ်မှတ်ပုံတင်ခတွက်ချက်ခြင်း
  • ဘဏ်တွင် ငွေပေးသွင်းခြင်း
  • ငွေရပြေစာထုတ်ပေးခြင်း
  • အမှုတွဲလက်ခံခြင်း
  • ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့်ယာဉ်သက်သေခံလက်မှတ် (အဝိုင်း) Printer ဖြင့် ထုတ်ခြင်း
  • ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့်ယာဉ်သက်သေခံလက်မှတ်(အဝိုင်း)ပိုင်ရှင်များသို့ ထုတ်ပေးခြင်း
ကနဦးမှတ်ပုံတင်ခကောက်ခံသည့်နှုန်းထားများ
စဉ် အကြောင်းအရာ ကနဦးမှတ်ပုံတင်ခ ကနဦးယာဉ်စစ်ဆေးခ
မော်တော်ယာဉ်ငယ် (၁)နှစ် ၁၅၀ဝဝိ/- ၅၀ဝဝိ/-
မော်တော်ယာဉ်ကြီး (၁)နှစ် ၃၀ဝဝဝိ/- ၁၀ဝဝဝိ/-
ကနဦးယာဉ်ထုတ်ရက်လွန် ဒဏ်ကြေး
စဉ် အကြောင်းအရာ
(က) Customs Statement ပါ ရက်မှ (၂၁)ရက် ကျော်လွန်ခြင်း (၁)ရက်လျှင် ၃၀ဝဝိ/- နှုန်း (ရုံးပိတ်ရက်အပါအဝင်)
( ခ) မော်တော်ယာဉ်ဝယ်ယူခွင့် လက်မှတ်ပါရက်မှ (၇)ရက် ကျော်လွန်ခြင်း
စက်မှုဇုန်ယာဉ် IC ထုတ်ပေးရက်မှရက်ပေါင်း (၉၀) ကျော်လွန်ခြင်း (၁)ရက်လျှင် ၃၀ဝဝိ/- နှုန်း (ရုံးပိတ်ရက်အပါအဝင်)
ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ
စဉ် အကြောင်းအရာ အခွန်ငွေ
လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ
Pick Up (Single Cab, Extended Cab, Open Cab) Light Truck, Truck, Dumper, Tanker, Box Truck, Refrigerated Van, Crane Truck, Logging Truck, Container Carrier Truck, Tractor Head,
မူလတန်ဖိုး (FOB) ၏(၅)ရာခိုင်နှုန်း
ခရီးသည်တင်ယာဉ် (ယာဉ်မောင်းအပါအဝင် (၁၅)ဦးအထက်)
(Bus, Mini Bus,)
မူလတန်ဖိုး (FOB) ၏(၅)ရာခိုင်နှုန်း
လူစီးယာဉ် (ယာဉ်မောင်သူအပါအဝင် (၁၅)ဦးနှင့်အောက်)
(Saloon, Jeep, Station Wagon, Micro Bus, MPV, SUV)
(က) စက်စွမ်းအား ၁၃၅၀ စီစီနှင့် အောက် မူလတန်ဖိုး (FOB) ၏(၁၅)ရာခိုင်နှုန်း
(ခ) စက်စွမ်းအား ၁၃၅၁ စီစီမှ ၂၀ဝဝ စီစီထိ မူလတန်ဖိုး (FOB) ၏(၂၅)ရာခိုင်နှုန်း
(ဂ) စက်စွမ်းအား ၂၀ဝ၁ စီစီမှ ၅၀ဝဝ စီစီထိ မူလတန်ဖိုး (FOB) ၏(၄၀)ရာခိုင်နှုန်း
(ဃ) စက်စွမ်းအား ၅၀ဝ၁ စီစီအထက် မူလတန်ဖိုး (FOB) ၏(၆၀)ရာခိုင်နှုန်း
လူနှင့်ကုန် (၂)မျိုးသုံးယာဉ်
(Pick Up, Double Cab)
မူလတန်ဖိုး (FOB) ၏(၄၀)ရာခိုင်နှုန်း
လူနှင့်ကုန် (၂)မျိုးသုံးယာဉ်
(Pick Up, Double Cab)
သုံးဘီးမော်တော်ယာဉ်(Three Wheeler)
စက်ယန္တရား မူလတန်ဖိုး (FOB) ၏(၅)ရာခိုင်နှုန်း
ပိုင်ရှင်ဆန္ဒအရ နံပါတ်ရွေးခနှုန်းထားများ
စဉ် အကြောင်းအရာ လက်ရှိကောက်ခံသည့်နှုန်း
ကနဦးမူသေအမှတ်အား ပိုင်ရှင်ဆန္ဒအရရွေးယူခြင်း
ရောက်ရှိနံပါတ် ၁၀ဝဝ အတွင်း ၅၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၂၀ဝဝ အတွင်း ၆၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၃၀ဝဝ အတွင်း ၇၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၄၀ဝဝ အတွင်း ၈၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၅၀ဝဝ အတွင်း ၉၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၆၀ဝဝ အတွင်း ၁၀ဝဝဝဝဝိ/-
ရောက်ရှိနံပါတ် ၇၀ဝဝ အတွင်း ၁၁၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၈၀ဝဝ အတွင်း ၁၂၀ဝဝဝဝိ/-
ရောက်ရှိနံပါတ် ၉၀ဝဝ အတွင်း ၁၃၀ဝဝဝဝိ/-
၁၀ ရောက်ရှိနံပါတ်တွင် ပေါင်းခြင်း (၉) ၅၀ဝဝဝဝိ/-
၁၁ ယာဉ်အမှတ် (၄)ပူးဂဏန်း(အမှတ်စဉ်- ၁ မှ ၁၀)ပါ နှုန်းထား၏(၂)ဆ
ခုနှစ်ပုံစံနှင့် တင်အား ကွဲလွဲသည့် ယာဉ်များ ကနဦးမှတ်ပုံတင် (ဒဏ်ကြေး)
စဉ် အကြောင်းအရာ နှုန်း
သတ်မှတ်ခုနှစ်ပုံစံ(Model Year)ကွဲလွဲခြင်း (၁)နှစ်ကွာတိုင်း
(မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ)
၁၀ဝဝဝဝိ/-
တင်အားကွဲလွဲခြင်း
(၃) တန်အထိ
၁၀ဝဝဝဝိ/-
၂၀ဝဝဝဝိ/-
Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်