ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / Body Coach ပြောင်းယာဉ်
Body Coach ပြောင်းယာဉ်
  • (က) Body Coach ဆိုသည်မှာ လူနှင့်ကုန်ပစ္စည်းများ တင်ဆောင်ရန် တဆက်တည်းတည် ဆောက်ထားသော မော်တော်ယာဉ်၏ ကိုယ်ထည်ကိုခေါ်ပါသည်။ ယင်းတွင် ဖြုတ်တပ်နိုင်သော Bonnet, Bumper, တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း၊ လေကာမှန် စသည့်အစိတ်အပိုင်းများ တပ်ဆင်လေ့ ရှိပါသည်။
  • (ခ) Body Coach ပြောင်း ဆိုသည်မှာ မူလမှတ်ပုံတင်ထားသော မှတ်တမ်းဝင်ယာဉ်၏ Chassis No အား အခြားမှတ်ပုံတင်မဲ့ယာဉ်၏ Body တွင် ဖောက်ထည့်၊ ဖြတ်ဆက်ထားခြင်း ဖြစ်ပါသည်။
    • (၁) သီးခြားဖရိမ် (Frame) မပါရှိသော (Saloon, Micro Bus, Hatch Back, ect…) ယာဉ်များအနေဖြင့် မူလဖရိမ်အမှတ် (Frame No) သို့မဟုတ် Chassis No ပါ Member တန်း အား အခြားယာဉ်တွင် ဖောက်ထည့်၊ ဖြတ်ဆက်ခြင်း၊ Member တန်း ပြန်လည်တွဲဆက်၍ ပြောင်းလဲခြင်း။
    • (၂) သီးခြားဖရိမ် (Frame) ပါရှိသော (Pick Up, Station Wagon, Mini Bus, Bus, etc…) တွင် မူလဖရိမ်အမှတ် (Frame No) အား အခြားယာဉ်တွင် ဖောက်ထည့်၊ ဖြတ်ဆက်ခြင်း၍ ပြောင်းလဲခြင်း (သို့မဟုတ်) ဖရိမ်အမှတ်ဖောက်ထည့်၊ ဖြတ် ဆက်၍ ပြောင်းလဲခြင်း (သို့မဟုတ်) ဖရိမ်ဖောက်ထည့်ခြင်း မရှိဘဲ မူလဖရိမ် (Frame) ပေါ်တွင် အခြား Body Coach အား ပြောင်းလဲတပ်ဆင်ခြင်း။
  • (ဂ) Body Coach တွင် ပါရှိသော ဖြုတ်တပ်နိုင်သည့် အစိတ်အပိုင်းများ (Detachable Parts) ဖြစ်သည့် Bonnet, Bumper, တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း၊ လေကာမှန်များ စသည့်အစိတ်အပိုင်းများ ချို့ယွင်းချက်တစ်ခုခုကြောင့် ပြုပြင်ပြောင်းလဲခြင်းနှင့် အင်ဂျင် မပြောင်း လဲခြင်းများအား Body Coach ပြောင်းဟု မသတ်မှတ်ပါ။
Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်