ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Road Transport Administration Department
ပင်မစာမျက်နှာ / မော်တော်ယာဉ်စစ်ဆေးခြင်းသက်သေခံလက်မှတ် (V.I.C- Vehicle Inspection Certificate) ထုတ်ပေးခြင်း
မော်တော်ယာဉ်စစ်ဆေးခြင်းသက်သေခံလက်မှတ် (V.I.C- Vehicle Inspection Certificate) ထုတ်ပေးခြင်း

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာသည့်အလျှောက် ကုန်းလမ်းပို့ ဆောင်ရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ASEAN နိုင်ငံအချင်းချင်း တပြေးညီဖြစ်စေရန် လိုအပ်ချက်များနှင့်အညီ မော်တော်ယာဉ်များ အပြန် အလှန် ဆက်သွယ်သွားလာရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ASEAN နိုင်ငံများမှ ထုတ်ပေး သည့် ယာဉ်စစ်ဆေးခြင်းသက်သေခံလက်မှတ်များကို အပြန်အလှန်အသိအမှတ်ပြုရန် သဘော တူထားပြီးဖြစ်ပါသည်။ မော်တော်ယာဉ်များအား အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မှုရှိ/ မရှိ၊ ၂၀၂၂ ခုနှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေများ၊ အခန်း (၄) ပါ ပြဌာန်းများအရ မော်တော်ယာဉ် စစ်ဆေးပေးပါသည်။ ဤဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်စစ်ဆေးခြင်း၊ မော်‌တော်ယာဉ် စစ်ဆေးချက်သက်သေခံလက်မှတ် (V.I.C- Vehicle Inspection Certificate) များ ထုတ်ပေး လျက်ရှိပါသည်။

ရုံးချုပ် (နေပြည်တော်)၏ (၈.၁၁.၂၀၀၈) ရက်စွဲပါ “ညွှန်ကြားချက်-၂၃/၀၈” ဖြင့် တင်အား (၂) တန်နှင့်အထက် အငှားကုန်တင်ယာဉ်များ၊ ခရီးသည် (၂၅) ဦးနှင့်အထက် အငှားဘတ်စ်ယာဉ် များအား (V.I.C- Vehicle Inspection Certificate) များ ထုတ်ပေးလျက်ရှိပါသည်။

ယာဉ်စစ်ဆေးပြီးစီးကြောင်း သက်သေခံအထောက်အထား (Vehicle Inspection Sticker) ကပ်ပေးခြင်း

နှစ်လဲမော်တော်ယာဉ်စစ်ဆေးခြင်းအား နိုင်ငံတကာအဆင့်မီစွာ ဆောင်ရွက်နိုင်ရန် အတွက် မော်တော်ယာဉ်များတွင် ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား (Vehicle Inspection Sticker) များ ကပ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ Vehicle Inspection Sticker ကပ်ပေးခြင်းဖြင့် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးပြီးစီးသော ယာဉ်များဖြစ်ကြောင်း သိရှိနိုင်ခြင်း၊ မော်တော်ယာဉ်၏ သက်တမ်းရှိ/ မရှိကို စစ်ဆေးသူများမှ အလွယ်တကူသိရှိနိုင် ခြင်း၊ မော်တော်ယာဉ်များတရားဝင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိ သိရှိနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်ပါသည်။ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာမောင်းနှင်သွားလာနိုင်ရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ယာဉ်စစ်ဆေးပြီးစီး၍ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား (Vehicle Inspection Sticker) အား ယာဉ်အမှတ်နှင့် သက်တမ်းကုန်ဆုံးမည့်ခုနှစ် ရိုက်နှိပ်ပြီး သက်တမ်းကုန်ဆုံးမည့် လနေရာတွင် အပေါက်ဖောက်၍ မော်တော်ယာဉ်၏ ရှေ့လေကာမှန်အတွင်း ညာအပေါ်ထောင့်တွင် ထင်ရှား မြင်သာစွာ ကပ်ထားပေးပါသည်။

ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား (Vehicle Inspection Sticker) ကပ် ခြင်းလုပ်ငန်းအား ၁.၄.၂၀၁၆ ရက်တွင် ရုံးချုပ် (နေပြည်တော်) နှင့် နေပြည်တော်ရုံးများတွင် စတင်ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ၁.၁၁.၂၀၁၆ ရက်နေ့ မှစ၍ ယာဉ်စစ်ဆေးပြီးသည့် မော်တော်ယာဉ်တိုင်းအား ကပ်ပေးလျက်ရှိပါသည်။

Online Booking လျောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ဆက်သွယ်မေးမြန်းရန်
နေပြည်တော်ရုံး
ဖုန်း - 067- 405098
ရန်ကုန်ရုံး
ဖုန်း - 09 798295158, 09 781425403, 09 974885896
မန္တလေးရုံး
ဖုန်း - 02-4066169
ပဲခူးရုံး
ဖုန်း - 052-2230046, 052-2230866
Mobile Application ရယူရန်
Mobile Application ရယူရန်